သထုံမြို့နယ်တွင် သောင်းကျန်းသူ (အကြမ်းဖက်အုပ်စု)  PDF အဖွဲက သေနတ်ဖြင့်ပစ်ခတ်၍ အမျိုးသား ၁ ဦးဒဏ်ရာရ 

၂၀၂၃၊မေ ၁ 
ယမန်နေ့(ဧပြီ ၃၀)ညနေ ၇နာရီအချိန်တွင် သထုံခရိုင် သထုံမြို့နယ်၏ မြောက်ဘက် ၁၀ မိုင်ခန့် အကွာ ဇရစ်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းမုခ်ဝ၌ အမျိုးသား ၁ ဦး(စိစစ်ဆဲ)အား သောင်းကျန်းသူ / အကြမ်းဖက်အုပ်စု PDF အဖွဲက သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။
အဆိုပါ သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ယင်းနေ့ ညနေ ၆နာရီ မိနစ်၂၀တွင် ဦးစိုးလှိုင် (၅၈)နှစ် ဇရစ်ချောင် ကျေးရွာအောက်ပိုင်း သထုံမြို့နယ်နေသူသည် နေအိမ်အပြင်ဘက်၌ ထင်းခုတ်နေစဉ် သကသ/ အကြမ်းဖက်အုပ်စု PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးမှ ဆိုင်ကယ်(စိစစ်ဆဲ) ၁ စီးဖြင့် ရောက်ရှိလာပြီး သေနတ်(စိစစ်ဆဲ)ဖြင့် ၃ ချက် ခန့်ပစ်ခတ်၍ ဖရစ်ချောင်းကျေးရွာ အထက်ပိုင်းဘက်သို ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေး သွားသဖြင့် ဦးစိုးလှိင်တွင် ယာဘက်လက်ဖျံ ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ)ဖြင့် သထုံပြည်သူ့ဆေးရုံသို ပိုဆောင်ဆေးကုမှုခံယူလျက်ရှိကြောင်း သိရသည်။
ထိုကြောင့် သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားသူများအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာပူးပေါင်းအဖွဲက ပိတ်ဆိုရှာဖွေစစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။

Total Views ~ 225

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43367

© 2022 - 2025 News. All Rights Reserved.