၂၀၂၃ ၊ ဧပြီ ၄
ယမန်နေ့ (ဧပြီ ၃) မွန်းလွဲ ၃နာရီ မိနစ် ၄၀ အချိန် သထုံခရိုင် သထုံမြို့နယ်၏ တောင်ဘက် ၄ ဖာလုံခန့် အကွာ အောက်ကျင်းရပ်ကွက်ရှိ ခရိုင်/မြို့နယ်လဝကရုံး ဟောင်း(သွပ်မိုး/ပျဉ်ကာ ပျဉ်ခင်း ၂ ထပ်အဆောက်အဦ)၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မနရမှူး(သထုံ) ၊ခရိုင်မီးသတ်ဦးစီးတိုမှ တာ၀န်ရှိသူများက မီးသတ်တပ်ဖွဲဝင်များက မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ယင်းနေ့ ညနေ ၅နာရီ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်အား စိစစ်ခဲ့ရာ သထုံခရိုင်လဝကရုံးနှင့် မြိုနယ်လဝကရုံးဟောင်း၌ ဦးဇင်လင်းထွန်း (၂၅)နှစ် ခရိုင်လဝကရုံးမှ လ/ထလဝကမှူး ကဒိုင်ကျေးရွာ ပေါင်မြိုနယ်၊ ဦးကောင်းခန့်ဇင်(၂၃)နှစ် ခရိုင်လဝကရုံးအမှုတွဲထိန်း သရက်ညီနောင်ကျေးရွာ သထုံမြိုနယ်၊ ဦးမင်းဦး(၅၅)နှစ် မြိုနယ်လဝကရုံးမှတ်တမ်းထိန်း အဘင်လှိင်ရပ်ကွက်သထုံမြို နှင့် ဦးမြင့်စိုး(ကိုယ်ရေးအချက်အလက်-စုံစမ်းဆဲ) (လုပ်အားပေး)တိုနှင့် အတူ သထုံခရိုင်လဝကရုံးနှင့်မြို နယ်လဝကရုံးဟောင်းအောက်ထပ်တွင် ရုံးလုပ်ငန်းများဆောင်ရွက် နေစဉ် ရုံးရှေ့မှတံခါးတွန်းသံကြား၍ ဦးမင်းဦး မှ သွားရောက်ပြီး သံကြိုးဖြင့်သော့ခတ်ထားသည့် တံခါးအားဟကြည့်စဉ် တံခါးရှေ့တွင် အမျိုးသား ၂ ဦး(စိစစ်ဆဲ)အနက် ၁ ဦးက ပစ္စတိုသေနတ်ဖြင့် ဦးမင်းဦး အား ဟနေသည့် တံခါးပေါက်မှထောက်ထားပြီး ဦးမင်းဦး ခါးကြားရှိတံခါးသော့အား ဆွဲယူကာတံခါးဖွင့်ဝင်ခဲ့ပြီး ၎င်းတို ၄ ဦးအား ကြမ်းပြင်တွင်မှောက်ခိုင်းကာ လက်အား နောက်ပြန်ကြိုး တုပ်ပြီး ဖုန်း၂ လုံးတိုအားယူဆောင်သွားပြီး အပြင်မှ လူ ၂ ဦးထပ်မံဝင်ရောက်လာကာ ရုံးအပေါ်ထပ် သိုတက်သွားခဲ့ကြောင်း၊ ၎င်းတိုအား ရုံးအောက်ထပ်ရှိနောက်ဖေးခန်းတွင် တံခါးပိတ်ချုပ်နှောင်ထား ရှိကာ အမျိုးသား ၄ ဦး(စိစစ်ဆဲ)မှ ရုံးအပေါ်ထပ်နှင့်အောက်ထပ်ရှိ စာရွက်စာတမ်းများအား ဓာတ်ဆီ လောင်းမီးရှိခဲ့သဖြင့် ၎င်းတိုမှချည်ထားသောတိပ်များအား ရုန်းကန်ဆွဲခွာပြီး ပိတ်ထားသောတံခါးအား ခြေဖြင့်ကန်ဖွင့်၍ထွက်ပြေးခဲ့ကြကြောင်း၊ အမျိုးသား ၄ ဦး(စိစစ်ဆဲ)သည် ရုံးရှေ့၌ရပ်ထားသည့် ဦးကောင်းခန့်ဇင် နှင့် ဦးဇင်လင်ထွန်းတို ပိုင်ဆိုင်သည့် Honda Wave-100 အမျိုးအစား ဆိုင်ကယ် ၂ စီးအားယူဆောင်သွားကာ ကျောက် တန်း ကျေးရွာ ဘက်သိုထွက်ပြေးသွားခဲ့ကြောင်းသိရှိခဲ့ရသည်။
အခင်းဖြစ်နေရာသို တပ်နယ်မှူး(သထုံ) ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချို ခရရမှူး(သထုံ) တိုမှ တာ၀န်ရှိသူများ သွားရောက်စစ်ဆေးခဲ့ပြီး မီးလောင်မှုကြောင့် လူ/တိရစ္ဆာန်တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် ဆုံးရှုးမှုတန်ဖိုးအား စိစစ်လျက်ရှိကြောင်း သိရသည်။