၂၀၂၃ ၊ မတ် ၂၂
ယမန်နေ့ (မတ် ၂၁)နံနက် ၈နာရီ ၁၅မိနစ်အချိန် သထုံခရိုင် သထုံမြို့နယ်၏ တောင်ဘက် ၁၃ မိုင်ခန့် အကွာ ဆူးအင်းကျေးရွာရှိ ဦးမောင်သီ၏ ရာဘာခြံအတွင်း စိုက်ထူထားသော Mytel တာဝါတိုင် အမှတ် mom-0423 အား သောင်းကျန်းသူအကြမ်းဖက်အုပ်စု PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး သွားသဖြင့် တာဝါတိုင်တိမ်းစောင်းသွားပြီး Signal ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သတင်းအရ ပူးပေါင်းအဖွဲက ၁၀ နာရီ ၃၀ ခန့်တွင် အခင်းဖြစ်နေရာသို ရောက်ရှိစစ်ဆေးရာ Mytel တာဝါတိုင် အမှတ် mom-0423 အား သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF အဖွဲ့က ရှော့တိုက်မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဖောက်ခွဲမှုကြောင့် တာဝါတိုင်၏အောက်ခြေသံတိုင် ၃ တိုင်မှာ အမြင့် ၁၂ ပေခန့်မှ ပြတ်ထွက်ပျက်စီးခဲ့ပြီး System ပုံး ၁ ခုနှင့် ပါဝါကြိုးများ၊ Signal လိုင်းများ ပြတ်တောက်သွားခဲ့သဖြင့် တန်ဖိုးငွေကျပ် သိန်း ၆၀ ခန့် ပျက်စီးဆုံးရှုးခဲ့ကြောင်း သိရသည်။
ထိုအပြင် အခင်းဖြစ်နေရာအနီးမှ ရှော့တိုက်မိုင်းဖောက်ခွဲရာတွင် အသုံးပြုခဲ့သည့် ၁၂ ဗို ဆိုင်ကယ်ဘတ္ထရီ ၂ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါတာဝါတိုင်အား Mytel တာဝါတိုင်တာဝန်ခံအဖွဲက မတ် ၂၂ ရက်တွင် ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။