Breaking

သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တောင်သာစွပ်ကျယ်စက်ရုံတို့ကို PDF အကြမ်းဖက်များ တိုက်ခိုက်ဖျက်ဆီး

ရန်ကုန်၊ သြဂုတ် ၁၃
PDF အမည်ခံအကြမ်းဖက်သမားများက တောင်သာမြို့နယ်၊ မင်းကန်ကျေးရွာအနီးရှိ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်၊ တောင်သာစွပ်ကျယ်စက်ရုံနှင့် မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
    ဖြစ်စဉ်မှာ သြဂုတ်လ ၁၂ ရက် နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများသည် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မင်းကန်ကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ပိုက်လိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်များအား သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း၏ တောင်ဘက် မီတာ ၃၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
    ထို့အပြင် PDF အမည်ခံအကြမ်း ဖက်သမားများသည် ယင်းနေ့ နေ့လယ်ပိုင်းတွင် တောင်သာမြို့၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ တောင်သာစွပ်ကျယ်စက်ရုံသို့ မော်တော်ဆိုင်ကယ် ခုနစ်စီးဖြင့် ရောက်ရှိ လာပြီး စက်ရုံဝန်းတံခါးအား ရိုက်ချိုးဖျက် ဆီး၍ စက်ရုံအုပ်ချုပ်မှုရုံးနှင့် ရုံးပိုင်မော်တော်ယာဉ် နှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်တွင် စက်ရုံဝန်ထမ်းများ ပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ်သုံးစီးအား ယူဆောင်၍ လာရာလမ်းအတိုင်း ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် စက်ရုံ ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
    ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဝိုင်းပတ်ပိတ်ဆို့၍ လိုက်လံချေမှုန်းလျက်ရှိကြောင်းနှင့် တောင်သာမြို့နယ်အတွင်း လိုအပ်သည့် နယ်မြေလုံ ခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထူးမြတ်

Total Views ~ 195

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43826

© 2022 - 2025 News. All Rights Reserved.