Breaking

သမိုင်းဝင်ကျိုက်ပညာယျ စေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်

၂၀၂၄ ၊ မတ် ၂၀
    ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ပဲခူးတက္ကသိုလ်အနီး၌ တည်ထားပူဇော်သည့် နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိသော ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာအခမ်းအနားကို မတ် ၁၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
    အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိ မာဘိဝံသအမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ် ကြူကြူလှနှင့် မိသားစုဝင်များ၊ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အ လှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံတိုင်း ရင်းသားပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
     အခမ်းအနား တက်ရောက်လာ ကြသူများက ပဲခူးမြို့၊ ကြခတ်ဝိုင်းစာသင် တိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိ တဘဒ္ဒန္တဉေယျဓမ္မာဘိဝံသထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ် သဲများကို သံဃာတော်များထံ ဆက်ကပ် ကြကာ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရား တော်များကို နာယူကြည်ညိုခဲ့ကြသည်။
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးက သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ ဌာပနာတော်နှင့် လှူဖွယ်ပစ္စည်းများကို သန်လျင်မင်း ကျောင်း ဆရာတော်ကြီးထံလည်းကောင်း၊ မိသားစုဝင်များက ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်း များကို ပဲခူးမြို့၊ မြို့မဆရာတော်ကြီးထံသို့လည်းကောင်း သာဟတ္ထိကဒါနမြောက် ဆက်ကပ်လှူဒါန်းပူ ဇော်ကြသည်။ 
    စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ် ကြီးအား လက်ယာရစ်လှည့် လည်ပူဇော်ကာ မဟာမင်္ဂလာ မဏ္ဍပ်တော်ကြီးရှေ့ရှိ ခေတ္တအပူဇော်ခံနေ ရာသို့ ပို့ဆောင်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် နစက ဥက္ကဋ္ဌဇနီးနှင့် မိသားစုဝင်များ၊ အဖွဲ့ဝင်များ၊ အခမ်းအနား တက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထုတို့က မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူး တော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော်အထွတ်၌ တင်လှူပူဇော်ခြင်း၊ တာဝန်ရှိသူအသီးသီးက အရံစေတီတော်များ အား စိန်ဖူးတော်များကို တင်လှူပူဇော်ခြင်းတို့ ပြုခဲ့ကြသည်။

Total Views ~ 182

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43966

© 2022 - 2025 News. All Rights Reserved.