၂၀၂၃ ၊ မတ်လ ၂၀
ယမန်နေ့ (မတ် ၁၉)ည ၇နာရီ ၅မိနစ်အချိန်က ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ (၈)ရပ်ကွက် နဝရတ်လမ်းနှင့် ဧရာဝဏ်လမ်းထောင့်၌ ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ သတင်းအရ တပ်ရင်း(၉)မှ ဦးစီးပူးပေါင်းအဖွဲက သွားရောက်စစ်ဆေးရာ (၈)ရပ်ကွက်ရှိ ဓမ္မရက္ခိတဓမ္မာရုံရှေ့ ၌ ကြံရည် ဆိုင်ဖွင့်လှစ် ရောင်းချနေသည့် အဆိုပါရပ်ကွက်နေ ဦးမောင်ဇော်(ခ)မောင်ညို(၄၉)နှစ် သည် ကြံရည်ဆိုင်၌ရှိနေစဉ် နဝရတ်လမ်းအတိုင်း မြောက်မှ တောင်သို မောင်းနှင်လာသည့် Probx အဖြူရောင် အငှားယာဉ်အမှတ်(စိစစ်ဆဲ) ပေါ်မှ အမျိုးသား ၃ ဦး (စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ကာ ဧရာဝဏ်လမ်းဘက်သို မောင်းနှင်ထွက်ပြေးသွားသဖြင့် ဦးမောင်ဇော်(ခ)မောင်ညို တွင် ဦးခေါင်း/ရင်အုံ ကျည်ထိမှန်ဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)နှင့် ကြံရည် ဝိုင်းကူ ရောင်းပေးနေသည့် ၎င်း၏မိတ်ဆွေဖြစ်သူ ဖြိုးဝေအောင်(၄၂)နှစ်( ၁၀/တောင်ရပ်ကွက် သာကေတမြိုနယ်နေသူ)တွင် ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တိုရရှိခဲ့ကြောင်း သိရှိရပြီး အခင်းဖြစ်နေရာမှ THAI ARMS 9 MM ကျည်ခွံ ၆ ခုအား သိမ်းဆည်းရမိခဲ့၍ ဒဏ်ရာရရှိသူ ၂ ဦးအား ဆရက(၁/၁၀၀၀)သို ပိုဆောင်စဉ် ဦးမောင်ဇော်(ခ) မောင်ညို သည် ရရှိဒဏ်ရာများဖြင့် လမ်းခရီးတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုကြောင့် ဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်သွား သူများအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာက စုံစမ်းလျက်ရှိကြောင်း သိရသည်။