သာစည်မြို့နယ်တွင် တံတား ၁ စင်း မိုင်းခွဲဖျက်ဆီးခံရ

၂၀၂၃ ၊ မတ်လ ၂၀

ယမန်နေ့ (မတ် ၁၉)နံနက် ၈ နာရီ မိနစ်၄၀ ချိန် မိတ္ထီလာခရိုင် သာစည်မြို့နယ်၏အရှေ့တောင်ဘက် ၇ မိုင်ခန့်၊ လှိင်းတက်ကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ သာစည်-တောင်ကြီးကားလမ်း မိုင်တိုင်(၂၀/၅-၆)ကြားရှိ စမုံချောင်းတံတားအမှတ်(၃/၂၁)၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ သတင်း အရ မမစမှူး(သာစည်)မှဦးစီးအဖွဲက သွားရောက်စစ်ဆေးရာ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် အဆိုပါတံတားဘောင်နှင့် လက်ရန်းများ(တန်ဖိုးစိစစ်ဆဲ)အက်ကွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိရကာ တံတား၏မြောက်ဘက်     ပေ ၅၀၀ ခန့်အကွာ၌ အရှည်ကိုက် ၂၀၀ ခန့်ရှိဝါယာကြိုး ၁ ချောင်းနှင့်ချိတ်ဆက်ထားသည့် ဆိုင်ကယ်ဘက္ထရီအိုး ၁ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားအက်ကွဲမှုကြောင့် လမ်းပိတ်ဆိုမှုမရှိဘဲ လူ/ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။

Total Views ~ 330

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43349

© 2022 - 2025 News. All Rights Reserved.