Breaking

သီတင်းကျွတ်လ ချောင်းသာခရီးစဉ် အပန်းဖြေခရီးသွားသူများ၍  ဟိုတယ်အခန်းများခက်ခဲနိုင်

၂၀၂၃  အောက်တိုဘာ ၃
    ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင်ပက်ကေ့ခ်ခရီးစဉ်များအနက် ချောင်း သာအပန်းဖြေခရီးကို ခရီးသွားလာမှု ပိုမို များပြားကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းများထံမှ သိရသည်။ 
    လတ်တလော ခရီးသွားအခြေအနေအရ ယမန်နှစ်ကထက် ခရီးသွားလာမှုပိုမို များပြားပြီး ဒီဇင်ဘာလတွင် ခရီးသွားပိုများကြောင်း Shwe Myanmar Travels and Tours မှ ကိုဇေယျာက ပြောသည်။ 
    "ခရီးသွားကတော့ လက်ရှိလည်း သွားနေကြတယ်။ လောလောဆယ် ချောင်းသာ၊ ငွေဆောင်၊ ကျိုက်ထီးရိုး အဲဒီသုံးမျိုး ထွက်တာပေါ့။ ကျိုက်ထီးရိုးကတော့ အပတ်စဉ် စနေသွားပြီး တနင်္ဂနွေပြန်လာ ပေါ့။ အဲဒီခရီးစဉ်ရှိမယ်။ ချောင်းသာ၊ ငွေဆောင်ကတော့ နေ့စဉ်ရှိတယ်။ ချောင်းသာခရီးစဉ်ကို ပိုသွားကြတယ်ဗျ။ ချောင်းသာ၊ ငွေဆောင် လူအများဆုံးသွားတယ်။ ချောင်းသာကတော့ မိန်းပေါ့။ ဒီနှစ်ကတော့ ခရီးသွားပိုများတယ်။ ပိုသွားကြတယ်။ ကျွန်တော်တို့ကတော့ အေးဂျင့်ဆိုတော့ ပက်ကေ့ခ်နဲ့ စီစဉ်ပေးရတာများပါတယ်။ ချောင်းသာ၊ ငွေဆောင်၊ ကျိုက်ထီးရိုး ပက်ကေ့ခ်နဲ့ပဲ သွားကြ တာများတယ်။ အရင်နှစ်ကနဲ့စာရင် အခုအခြေအနေက ခရီးသွားတာ ပိုများတယ်။ သီတင်းကျွတ်ဆိုရင် အခန်းတွေမရတော့ဘူး။ အကုန်ပြည့်ပြီ။ ဒီဇင်ဘာဆိုရင် ခရီးသွားပိုများတယ်။ ဒီကြားထဲမှာ ပွဲတော်ရက်တွေဖြစ်တဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်း ခရီးသွားများတယ်။ ကြားရက်ကတော့ သူ့ဟာနဲ့ သူ ပုံမှန်ရှိနေတယ်။ လောလောဆယ် တစ်ခန်းစ၊ နှစ်ခန်စ ကျန်သေးတယ်။ အဲဒါရောင်း ပေးနေတယ်။ လုံးဝမရတော့ဘူးဆိုရင် ရနိုင်မယ့် ဟိုတယ်လေးတွေ လိုက်ချိတ်ပြီး စီစဉ်ပေးတယ်"ဟု ၎င်းကပြောသည်။ 
    ရွှေနဂါး ခရီးသွားလုပ်ငန်းမှတာ ဝန်ရှိသူက "ခရီးသွားရာသီရောက်လာပြီဆိုတော့ ဧည့်သည်ကတော့ သွားပါတယ်။ ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင်အကုန် လုံးသွားနေကြတယ်။ ဒီနှစ်ကပိုများပါတယ်။ ချောင်းသာကိုတော့ ပိုများမယ်ထင်ပါတယ်"ဟု ၎င်းက ပြောသည်။ 
    ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ ခရီးသွားလုပ်ငန်းများ ရပ်တန့်ခဲ့သော် လည်း ၂၀၂၁ ခုနှစ် ပွင့်လင်းရာသီမှ စတင်ပြီး ပြည်တွင်းခရီးသွားလာမှုများ ပြန်လည်တိုးတက်လာ ခဲ့ကြောင်း ဟို တယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
     ပြည်ဝင်ဗီဇာနှင့် ကျန်းမာရေး ဆိုင်ရာကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ ပြီးနောက် ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာသည်ကို တွေ့ရှိရပြီး ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လုံခြုံချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးအတွက် ဆက်စပ်ဝန် ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ 
    ထို့အပြင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများနှင့် မျှော်မှန်းခရီးသွားဈေး ကွက်နိုင်ငံများက ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးအတွက် ဗီဇာဖြေလျှော့ပေးရေး၊ ရင်းနှီးကျွမ်း ဝင်မှုခရီးစဉ် များစီစဉ်ရေး၊ ခရီးသွားမြှင့်တင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အစိုးရ-ပုဂ္ဂ လိက ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် Public-Private Dialogue Channel ကို Working Group  များဖွဲ့၍ အကောင်အထည်ဖော်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43823

© 2022 - 2025 News. All Rights Reserved.