သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုက နိုင်ငံတော်အတွက် ကောင်းမွန်သည့် အရွေ့တစ်ခု ဖြစ်လာနိုင်

နေပြည်တော်၊ သြဂုတ် ၂၈
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုက နိုင်ငံတော်အတွက် ကောင်းမွန်သည့် အရွေ့တစ်ခု ဖြစ်လာနိုင်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။ 
    "ဒီလို သုံးပွင့်ဆိုင်တွေ့ဆုံတာက ပိုကောင်းတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောထားတွေ၊ နိုင်ငံရေး ပါတီတွေဆိုရင်လည်း ပါတီစုံပါတယ်။ ၄၉ ပါတီကိုယ်စား ဆွေးနွေးတယ်။ အစိုးရဘက်ကလည်းပါတယ်။ ဘာဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံ ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်ဖို့ အရွေ့နေရာမှာ အများကြီး အထောက်အကူဖြစ်မယ်လို့ ယူဆတယ်။ လောလောဆယ်ကတော့ လွှတ်တော်မရှိသေးဘူး။ ရွေးကောက်ပွဲကိစ္စကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရော အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ သူတို့လည်း ဆန္ဒရှိတယ်လို့တော့ ကြားသိရတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကိစ္စဖြစ်ဖြစ်၊ ဖက်ဒရယ်ကိစ္စဖြစ်ဖြစ် လောလောဆယ် နိုင်ငံရေး ပါတီတွေရယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရယ်။ တပ်မတော်ရယ် သုံးပွင့်ဆိုင် သဘောတူညီချက် ရထားပြီးရင်တော့ နောက်လွှတ်တော်ပေါ်လာတဲ့အခါမှာ ဆွေးနွေးတဲ့အခါ အများကြီးအထောက်အကူ ဖြစ်စေမှာပါ။ လက်ရှိ ပကတိအခြေအနေမှာ ရွေးကောက်ပွဲအတွက် လိုအပ်ချက်က လုံခြုံရေးပါ။ လွှတ်တော်ကိုယ်စားလှယ်လောင်း တွေရဲ့ လုံခြုံရေးကိစ္စကို ဘယ်လိုဆောင်ရွက်မလဲ။ ဒါက အများစု စိုးရိမ်တဲ့ကိစ္စပါ။ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ သေချာသလောက် တော့ရှိတယ်။ ဒါပေမဲ့ လုပ်မယ့်ရက်ကိုတော့ မသိသေးပါဘူး။ ကြေညာချက်ထုတ်ပြီးတော့မှပဲ လူထုရဲ့သဘောထား သက်ဆိုင်ရာအဖွဲ့ အစည်းတွေရဲ့ သဘောထားကို နားထောင် ပြီးတော့ ဆောင်ရွက်လို့ ရပါမယ်"ဟု ၎င်းက ပြောသည်။ 
    "ကောင်းမွန်တဲ့ အရွေ့တစ်ခုကို သွားနိုင်တဲ့ အလားအလာ အများကြီးရှိလာတယ်ဗျ။ နိုင်ငံရေးပါတီတွေ NSPNC? NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဆွေးနွေးကြတယ်။ အဓိကဦးတည်ချက်က ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို့စိအေန ဖြစ်အောင် လို့ ပြင်ဆင်မယ်ဆိုတဲ့အချက်တွေ ဆွေးနွေးတာရှိတယ်။ အဲဒါတွေကလည်း ကောင်းတဲ့ အခြေအနေပေါ့ဗျာ။ ခေတ်ကာလနဲ့ မကိုက်ညီတဲ့၊ လူထုအတွက် လိုအပ်တဲ့လိုအပ်ချက်တွေကို ပြင်ဆင်ဖို့ ဆွေးနွေးကြတယ်။ ရလာတဲ့ ရလဒ်တွေကို ရွေးကောက်ပွဲကနေပေါ် ပေါက်လာတဲ့ လွှတ်တော်ကြီးမှာတင်ပြီးတော့ အတည်ပြုမယ်။ အတည်ပြုတဲ့အခါမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အညီ ၇၅ ရာခိုင်နှုန်းကျော် အတည်ပြုနိုင် အောင်လို့ အခုကတည်းက ကြိုတင်ပြီးတော့ ဆွေးနွေးကြ၊ ညှိနှိုင်းကြတယ်။ လျာထားကြ တယ်ဆိုတာက ကောင်းတဲ့လက္ခဏာပါ။ လွှတ်တော်ထဲ ကျမှ တစ်ယောက်နဲ့တစ် ယောက်အငြင်းပွားပြီးတော့ သူတစ်မျိုး၊ ငါတစ်မျိုး ပြောဆိုနေစရာမလိုတော့ ဘဲနဲ့ ကြိုတင်ပြီးတော့ တစ်သားတည်းကျအောင် ညှိနှိုင်းကြတယ်ဆိုတော့ ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်တဲ့ အချက်အလက်တချို့နဲ့ ပြင်နိုင်တဲ့အခြေအနေတွေ ရရှိသွားမယ်။ ခေတ်ကာလ အခြေအနေအရတော့ ၁၀၀ ရာခိုင်နှုန်းတော့ ဘယ် လိုမှ မရနိုင်သေးဘူး၊ အခုမှ စလုပ်ကြရတာ။ အကောင်းဆုံးနဲ့ ရနိုင်တဲ့အခြေအနေတွေက နေပြီးတော့ ကောင်းမွန်တဲ့အကြောင်းအကျိုး တစ်ခုကို ဖြတ်သန်းသွားရမှာပါ။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲပေါ့ဗျာ။ အခုကတော့ ရွေးကောက်ပွဲကို ဦးတည်နေကြပြီ။ လာမယ့် ၂၀၂၅ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ နစကဥက္ကဋ္ဌကြီး ကိုယ်တိုင်က ပြောထားတဲ့အတွက်ကြောင့် ၂၀၂၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေလည်း ပြင်ဆင်ထားဖို့၊ အဆင်သင့်လုပ်ထားဖို့ ပြောတယ်ဆို တာသိရတယ်။ UEC ဘက်ကလည်း ပြင်ဆင်နေတဲ့ အခြေအနေ အရှိန်တိုးမြင့်လာတာ တွေကိုပါ ပြောပြတယ်။ အဲဒီနှစ်ခုလုံးက တကယ်ကို ကောင်းမွန်တဲ့ အရွေ့တစ်ခုကို ဒီအခြေအနေမှာ အကောင်းဆုံးသွားနိုင်မယ့် အနေအထားတစ်ခုလို့ သုံးသပ်မိပါတယ်"ဟု ၎င်းကပြောသည်။ 
    နိုင်ငံတော်၏ ကောင်းမွန်သည့် အရွေ့တစ်ခုကို သွားနိုင်ဖို့ရာအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စုစုစည်းစည်း ညီညီညွတ်ညွတ်ပြုလုပ်ရန် ဆန္ဒပြုပါကြောင်း ဦးလှဌေးက ထပ်မံပြောဆိုသည်။
ကွန်းဈာန်

Total Views ~ 164

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.