သံမဏိစက်ရုံ(မြင်းခြံ)မှ ဆောက်လုပ်ရေးသုံး သံမဏိချောင်းများ ထုတ်လုပ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁
    သံမဏိစက်ရုံ(မြင်းခြံ)မှ ဆောက်လုပ်ရေးသုံးသံမဏိချောင်းများ ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ပြီး အရည်အသွေးမြင့် ထုတ်ကုန်များဖြစ်စေရန် ဆောင်ရွက်မည်ဟု စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
    စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည်  မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး သံရည်ကျိုအလုပ်ရုံ အမှတ် (၁ )တွင် သံရည်ကျို လုပ်ငန်းဆောင်ရွက်နေမှု၊ လေးထောင့်ပုံသံမဏိချောင်းများ ထုတ်လုပ်နေမှု၊ အောက်ဆီဂျင်အလုပ်ရုံလည်ပတ်နေမှု၊ သံရည်ကျိုအလုပ်ရုံ အမှတ် (၂) လည်ပတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို စစ်ဆေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    ဒုတိယဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)သည် နိုင်ငံပိုင်သံမဏိစက်ရုံဖြစ်၍ ထုတ်လုပ်သည့် သံမဏိချောင်းများ၏ အရည်အသွေးအား သတ်မှတ်စံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိစေရေးအတွက် ထုတ်လုပ်မှု နည်း စဉ်တစ်လျှောက်ရှိ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်နှင့် စက်ရုံမှထုတ်လုပ်သော လေးထောင့်ပုံ သံမဏိချောင်းများမှတစ်ဆင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိချောင်း အမျိုးမျိုး ဆက်လက်ထုတ် လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
    ထို့အပြင် အရည်အသွေးကောင်း မွန်စေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများနှင့် စက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူဖြည့်တင်းထားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 188

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43804

© 2022 - 2025 News. All Rights Reserved.