သြဂုတ် ၁၁ ရက်အထိ နောင်ချိုမြို့နယ်အတွင်း ကျောင်းသားကျောင်းသူ ၇၀၀၀ နီးပါး ပြန်လည် တက်ရောက်

ရန်ကုန်၊ သြဂုတ် ၁၃
    နယ်မြေဒေသပြန်လည်တည်ငြိမ် လာခဲ့ပြီးနောက် သြဂုတ် ၁၁ ရက်အထိ နောင်ချိုမြို့နယ်အတွင်း ကျောင်းသား ကျောင်းသူ ၇၀၀၀ နီးပါး အခြေခံပညာကျောင်းများသို့ ပြန်လည်တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
    အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာ ကျောင်းများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ် လက်ခံခြင်းကိုလည်း ဆက်လက်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
    ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၁၁ ရက်က အခြေခံပညာကျောင်း ၁၁ ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့ရာ ကျောင်းသားကျောင်းသူ ၁၃၁၀ ထပ်မံ၍ ကျောင်းအပ်နှံတက်ရောက် ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် နောင်ချို မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၅၃ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး  စုစုပေါင်း ကျောင်းသား ကျောင်းသူ ၆၈၆၁ ဦးတက် ရောက်ပညာသင်ကြားလျက်ရှိ ကြောင်း သိရသည်။
    မြို့နေလူထု၏ ကျန်းမာရေးကဏ္ဍအနေဖြင့် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ သြဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49336

© 2022 - 2025 News. All Rights Reserved.