ဟိဏ်းသစ်၏ 'ခဏ' EP Album ထွက်ရှိမှုနှင့် ထိမိဂွိစားသောက်ကုန် နှစ်နှစ်ပြည့် အခမ်းအနား ကျင်းပ

၂၀၂၃ စက်တင်ဘာ ၂၄
    အဆိုတော် ဟိဏ်းသစ်ရဲ့ 'ခဏ' EP Album သီချင်းထွက်ရှိမှုနဲ့ ထိမိဂွိ၊ ဟိဏ်းသစ်စားသောက်ကုန် နှစ်နှစ်ပြည့် စာနယ်ဇင်းမိတ်ဆက်ပွဲကို စက်တင်ဘာ ၂၂ရက်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ Sika Lounge & Restaurant Red Hill Tower  တွင် ကျင်းပခဲ့ကြောင်း သိရသည်။
    အဆိုတော် ဟိဏ်းသစ်က ''လက် ရှိ ကျွန်တော့်ရဲ့ ထိမိဂွိ Brand က လာမယ့်နိုဝင်ဘာမှာဆိုရင် နှစ်နှစ်ပြည့်မှာဖြစ်ပါတယ်။ ပထမတစ်နှစ်ပြည့်တုန်းက မန္တလေးမှာ စတုဒိသာအလှူအနေနဲ့ ကျင်းပခဲ့ပါ တယ်။ အခု နှစ်နှစ်ပြည့်မှာလည်း Product အသစ်ထပ် မိတ်ဆက်ရင်း ပရိသတ်တွေနဲ့အတူ အလှူ လေးလုပ်ဖို့ ရှိပါတယ်။ ချစ်ရတဲ့ ရုပ်ရှင်အနုပညာရှင် အကယ်ဒမီမင်းသမီးတစ်ဦးက ကျွန်တော့်ရဲ့ ထိမိဂွိ Brand ကို ကြော်ငြာပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီမင်းသမီးက ဘယ်သူဖြစ်မလဲဆိုတာ အောက်တိုဘာ ၁ ရက်မှာ ကြေညာမှာပါ။ ဆုလက်ဆောင် တွေပေးအပ်မယ်။ မင်းသမီးဘယ်သူနဲ့ ကြော်ငြာမလဲဆိုတာ ထိမိဂွိ Page အောက်မှာ အဖြေမှန် Comment ပေးနိုင်သူကို ဟိဏ်းသစ်ထွက်ရှိထားတဲ့ Product ရှစ်မျိုး လက်ဆောင်ပေး အပ်မှာဖြစ်တယ်"ဟု ပြောကြားခဲ့သည်။
    ထိမိဂွိ နှစ်နှစ်ပြည့်အနေဖြင့် မင်းသမီးတစ်ဦးနှင့် တွဲဖက်အလုပ်လုပ်မယ်ဆိုသည့် ပဟေဠိပြုလုပ်ထား ကား အဖြေမှန်ကန်သူကို ရွှေးချယ်၍ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    "သီချင်းဖန်တီးတာကတော့ သုံးပုဒ် ဖန်တီးထားပါတယ်။ အပျော်နဲ့ အလွမ်း သီချင်းတွေလည်း ပါပါ တယ်။ သီချင်းက အခုမှပြန်စပြီးတော့ သီဆိုတာဆိုတော့ သီချင်းအသစ်လေးတွေ ထွက်လာရင်လည်း အားပေး ကြပါဦး။ မကြာခင်မှာ ပရိသတ် အရှေ့ကို ရောက်ရှိတော့မှာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
    အဆိုပါ အခမ်းအနားတွင် တေးရေးတေးဆို သားသား၊ အဆိုတော် မိစန္ဒီ၊ တေးရေး ငြိမ်းချမ်းကို၊ အဆိုတော် ခေမာ စသည်တို့မှ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။                      

Total Views ~ 224

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.