အကယ်ဒမီရရှိခဲ့ပြီးသား အနုပညာရှင်၊ အတတ်ပညာရှင်များအား အကယ်ဒမီရွှေရင်ထိုးများချီးမြင့်မည်ဟု ရုပ်ရှင်အစည်းအရုံးက ကြေညာ

၂၀၂၃ ဧပြီ ၂၄

မေလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်မယ့် အကယ်ဒမီပေးပွဲအခမ်းအနားသို့တက်ရောက်လာမည့် အကယ်ဒမီရရှိခဲ့ပြီးသားအနုပညာရှင်အတတ်ပညာရှင်များအားရွှေအစစ်ဖြင့်ပြုလုပ်ထားသည့် အကယ်ဒမီရွှေရင်ထိုးများအား ချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း ယနေ့ဧပြီလ ၂၂ ရက်နေ့ကရုပ်ရှင်အစည်းအရုံးကကြေညာခဲ့သည်။

" အကယ်ဒမီပေးပွဲကျင်းပခဲ့တဲ့ နှစ်တွေကစပြီး ထူးချွန်ဆုရခဲ့တဲ့သူ ခန့်မှန်းခြေ လူ ၁၂၀ လောက်ရှိတယ် ။ အဲ့ထဲကမှ မေလ ၆ ရက်နေ့မှာလုပ်မယ့်အကယ်ဒမီပေးပွဲကို တက်ရောက်မယ့်သူများကိုသာရွှေအစစ်နဲ့လုပ်ထားတဲ့ အကယ်ဒမီ ရွှေရင်ထိုးတွေကိုချီးမြင့်ပေးသွားမှာဖြစ်ပြီး ဒီနှစ်ကျင်းပတဲ့အကယ်ဒမီပေးပွဲမှာ အကယ်ဒမီ ဆုရတဲ့အနုပညာရှင်အတတ်ရှင်များအတွက် ရွှေ ၅ ကျပ်သားရှိတဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထုများချီးမြင့်သွားမှာပါ" ရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအေးကြူလေးကလို့ပြောကြားခဲ့သည်။

Total Views ~ 214

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43363

© 2022 - 2025 News. All Rights Reserved.