Breaking

အကြမ်းဖက် MNDAA က လားရှိုးမြို့ပြည်သူများ ပြန်မလာလျှင် နေအိမ်ကို သိမ်းယူမည်ဟု သတင်းလွှင့် ခြိမ်းခြောက်နေ

နေပြည်တော်၊ မတ် ၆
    MNDAA က လားရှိုး တိုက်ပွဲရှောင်ပြည်သူများကို တစ်အိမ်တစ်ယောက် ပြန်လာရန် ဆော်သြမှုများ ပြုလုပ်၍ ပြန်မလာလျှင် နေအိမ်ကို သိမ်းယူမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း လားရှိုးမြို့ တိုက်ပွဲရှောင် ဒေသခံပြည်သူများထံမှ သိရသည်။ 
    လားရှိုးမြို့တွင် တိုက်ပွဲရှောင်များ များပြားလာသည့်အတွက် မြို့ကိုပြန်လည် စည်ကားစေရန် သိန္နီနှင့် လောက်ကိုင်တွင် ပိတ်မိနေသူများကို မလာမနေရ ပြန်ခေါ် နိုင်သည့် အခြေအနေရှိကြောင်း လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်း ဆရာတော်က မိန့်ကြားသည်။ 
    "မန်ဆူဘုန်းကြီးကျောင်းမှာတော့ တိုက်ပွဲရှောင် လူဦးရေ ၅၀၀ လောက်ကျန်နေတယ်။ ကျန်တဲ့လူတွေကတော့ ထွက်လာကြပြီ။ လားရှိုးမှာတော့ လူတွေမရှိတော့ဘူး။ အနည်းအကျဉ်းပဲ ရှိတော့ တယ်။ လားရှိုးမြို့ ပုံမှန် ပြန်ဖြစ်ဖို့က အချိန်ကြာဦးမယ်။ လောလောဆယ် သတင်းကြားတယ်။ ကိုးကန့်က တစ်အိမ်တစ်ယောက် ပြန်ခေါ်မယ်လို့ ပြောတယ်။ မလာမနေရ သတင်းကြားတယ်။ တောင်အိမ်၊ မြောက်အိမ် မလာမနေရ။ သူ့အိမ်၊ ကိုယ့်အိမ် မလာမနေရ။ ပြန်နေရမယ်။ လူတွေပြန်နေခိုင်းတာ။ လူတွေပြန် စည်လာအောင်လို့။ သိန္နီတို့၊ လောက်ကိုင် တို့ဘက်မှာ ပိတ်မိနေတဲ့သူတွေကို အဲဒီသ ဘောမျိုး ပြန်ခေါ်မယ်ထင်တယ်။ လူထုကတော့ ကိုယ့်အိမ်ကိုယ် ပြန်လည်းပြန်ချင်တယ်၊ စိုးရိမ်စိတ်လည်း ရှိတယ်။ ဘယ်သူမဆို ကိုယ့်အိမ်ကိုယ် ပြန်ချင်ကြတာပဲ။ ဒါပေမဲ့ ကြောက်ကြတယ်။ လောလောဆယ်တော့ မပြန်ဖြစ်ကြပါဘူး။ စောင့်ကြည့်နေတုန်း လေ၊ ပြန်သင့် မပြန်သင့်။ နောက်ထပ် တစ်ပတ်လောက်ဆို မလာမနေရ ရှိလာမယ်ထင်တယ်။ မလာရင် အိမ်ကိုသိမ်းမယ်။ ချိတ်ပိတ်မယ်လို့ ကြေညာနေတယ်"ဟု ၎င်းက မိန့်ကြားသည်။ 
    ထို့အပြင်လားရှိုးမြို့အတွင်း ကျန်ရှိနေသည့် ဒေသခံပြည်သူများအနေဖြင့် ရပ်ဝေးသို့ တိုက်ပွဲ ရှောင်ရန် တန့်ယန်းလမ်းခွဲအထိ လမ်းလျှောက် ထွက်ခွာလာခဲ့ကြ သော်လည်း လမ်းခုလတ်တွင် လာရောက်ကြိုဆို ပို့ဆောင်ပေးမည့် ပရဟိတကားများကို MNDAA က သွားလာခွင့်မပေး၍ အခက်အ ခဲများ ဖြစ်ပေါ်နေကြောင်း ပရဟိတလုပ် ဆောင်သူတစ်ဦးက ပြောသည်။  
    "လားရှိးမြို့ထဲက ဒေသခံတွေဟာ စစ်ရှောင်ဖို့ တန့်ယန်းလမ်းခွဲအထိ လမ်းလျှောက်ထွက်ခဲ့ပေမယ့် သွားကြိုပေးတဲ့ ပရဟိတကားတွေကို MNDAA အဖွဲ့က ပေးမဖြတ်တာကြောင့် ကြိုဖို့ခက်ခဲနေတယ်" ဟု ၎င်းကပြောသည်။ 
    MNDAA အကြမ်းဖက်ပူးပေါင်း အဖွဲ့သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့်ပတ်သက်သည့် သဘောတူညီချက်ကို ချိုးဖောက်၍ ဇူလိုင်လ ၃ ရက်တွင် လားရှိုးကို စတင်တိုက်ခိုက်ခဲ့ပြီး စတင်တိုက်ခိုက်ကတည်းက စစ်ရေးနှင့်မဆိုင်သည့် သာမန်အ ရပ်သားပြည်သူများ နေထိုင်သည့် နေရာ များကိုပါ ရှော့ခ်တိုက်ဒုံးများ၊ ီမသစ ဗုံးများ ရာနှင့်ချီ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 
    "သာမန်အရပ်သားပြည်သူရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်ရာမှာ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေး များသုံးစွဲပြီး တိုက်ခိုက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သြဂုတ်လ ၂ ရက်မှာတော့ တိုင်း စစ်ဌာနချုပ်အနီးက တပ်မတော်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အချို့လူနာများကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ အချို့ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှု အောက်တပ်ရင်း၊ တပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန်တိုက်ပွဲ ဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်တွေမှာ မိသားစုဝင်အမျိုးသမီးများ၊ ကလေးငယ်များ၊ အရပ်သားများ ပါရှိနေတာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာတွေ ရှိပါတယ်။ အချို့သောရဲမေများဟာ စစ်သည်များနဲ့ တန်းတူ မဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ၊ မှီခိုသူမိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ်ကွပ် ကဲပြီး ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။  အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိ ကြီးများနဲ့ သြဂုတ်လ ၃ ရက် ညနေပိုင်း ၆ နာရီခွဲ အထိ ဆက်သွယ်မှုရရှိခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါ တယ်။ အတည်ပြုဆဲ သတင်းများအရအရာရှိကြီးအချို့ကို အကြမ်းဖက် သောင်းကျန်းသူများက ဖမ်းဆီးထား ကြောင်း သိရှိရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေအားလုံးရဲ့ တိုင်း စစ်ဌာနချုပ် လားရှိုးနယ်မြေ၊ တပ်မတော်နဲ့ အမိနိုင်ငံတော်ကို တတ်စွမ်းသမျှ ရွပ်ရွပ်ချွံချွံ ကာကွယ်ခဲ့တာကို အသိအမှတ်ပြု လေးစားပါတယ်"ဟု ၎င်းကပြောသည်။ 
    နိုင်ငံတော်အစိုးရ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူအတွက် လုပ်သင့်လုပ်ထိုက် သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
    သြဂုတ်လ ၄ ရက်မှစ၍ လားရှိုးမြို့တွင်း အခြေအနေ ငြိမ်လာသည့် ရပ်ကွက်၊ လမ်းများအတွင်း တပ်မတော်မှ သန့် ရှင်းသာယာရေး လုပ်ငန်းများ စတင်လုပ် ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ 
ကွန်းဈာန်

Total Views ~ 214

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43827

© 2022 - 2025 News. All Rights Reserved.