၂၀၂၃ ဒီဇင်ဘာ ၄
ပြည်တွင်း အခေါက်ရွှေဈေး ဒီဇင်ဘာလအတွင်း ဆက်တိုက်မြင့်တက်လာနေပြီး တစ်ကျပ်သားလျှင် ကျပ်တစ်သိန်း ဝန်းကျင်ထိ ဈေးမြင့်တက်လာကြောင်း သိရသည်။
ဒီဇင်ဘာ ၂ ရက်တွင် ၃၆ သိန်း ကျော်ရှိခဲ့ရာမှာ ၁၆ ပဲရည် (အကယ်ဒမီ) အခေါက်ရွှေဈေး ဒီဇင်ဘာ ၃ ရက်တွင် တစ်ကျပ်သား ကျပ် ၃၇၀၀၀၀၀ ကျပ်ထိ ဈေးမြင့်တက်နေပြီး ဈေးကွက်တွင်း ကြိုက် ရောင်းကြိုက်ဝယ် အနေအထားဖြင့်အရောင်း အဝယ်ဖြစ်ပေါ်နေကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးမှာမူ တစအောင်စလျှင် ဒီဇင်ဘာ ၂ ရက်တွင် ၂၀၇၂ ဒေါ်လာနှင့် ၃ ရက်ဈေးကွက်ပိတ်ချိန် ၂၀၇၂ ဒသမ ၁၃ ဒေါ်လာ ထိမြင့်တက်နေပြီး ပြည်တွင်း ရွှေဈေး စံချိန်တင် မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဒီဇင်ဘာ ၃ ရက်တွင် အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲလှယ် နှုန်းမှာမှု ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ လဲနှုန်းဝယ် ဈေး ၃၃၇၀၊ ရောင်းဈေး ၃၄၂၀ ကျပ်ဝန်းကျင်ဖြင့် မြင့်တက်နေကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေရည်ညွှန်းဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိ ပြီး လက်ရှိတွင် တစ်ကျပ်သားလျှင် ကျပ် ၃၂ သိန်းကျော်ထိ မြင့်တက်လာကြောင်း သိရသည်။