၂၀၂၃ ၊ ဒီဇင်ဘာ ၂၀
Win & San Diamonds and Fine Jewelry ၏ ပဲ့ကိုင်ရှင်အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်စန်စန်း၏ မွေးနေ့အကြိုအဖြစ် ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီ က လှိုင်သာယာအရှေပိုင်းမြိုနယ် ရှမ်းချောင်း ဇေတဝန်ကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါက်တာဒေါ်စန်းစန်းက "အစ်မမွေးနေ့ အလှူလေးကတော့ အကြိုပေါ့။ လှူဒါန်းတဲ့ပစ္စည်းက ၁၀ မျိုးလောက်ရှိတယ်။ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ အင်္ကျီ၊ မုန့်နဲ့ အခြားအပစ္စည်းတွေပါတယ်။ အလှူက မိသားစုတစ်ခုအတွက် ပစ္စည်းတွေစုံနေရအောင် ပစ္စည်းမျိုးစုံကို လှူဒါန်းခြင်း ဖြစ်ပါတယ်။ အလှူတွေအနေနဲ့ အမြဲတမ်းလုပ်ဖြစ်တယ်။ အခုကတော့ အိမ်ခြေတစ်ထောင်အတွက် လှူပေးတာပါ"ဟု ပြောကြားခဲ့သည်။
အဆိုပါ မွေးနေ့အကြို အလှူအဖြစ် ရှမ်းချောင်းကျေးရွာ ဒေသခံပြည်သူ တစ်ထောင်ကျော်တို့အား မိသားစုတစ်ခုအတွက် ပစ္စည်းမျိုးစုံကို တစ်ဦးချင်းပေးအပ် လှုဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းချောင်းကျေးရွာမှ ဒေသခံတစ်ဦးက "အခုလို အခက်အခဲရှိတဲ့အချိန်မှာ လာရောက် လှူဒါန်း ပေးတဲ့အတွက် ဝမ်းသာပါတယ်။ ဒီနေ့အလှူက မိသားစုတစ်ခုအတွက် လုံလောက်တယ်။ နောက် အခုချိန်မှာ လိုအပ်တဲ့ ဆန်၊ ဆီကိုပါ လှူဒါန်းပေးတဲ့အတွက် အရမ်းကို ဝမ်းသာပီတီ ဖြစ်ရပါ တယ်။ မွေးနေ့ရှင်အတွက်လည်း ကျန်းမာချမ်းသာပါစေလို့ဆုတောင်းပေးပါတယ်"ဟု ပြောကြားခဲ့သည်။