Breaking

အင်းယားကန်ပေါင်ဘေးအနီး အများပြည်သူသုံးအဆင့်မြင့် သန့်စင်ခန်းအပါအဝင် ရန်ကုန်မြို့ရှိ သန့်စင်ခန်းကိုးလုံးကို  အငှားချဆောင်ရွက်မည် 

၂၀၂၃ ဒီဇင်ဘာ ၅ 
    ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း အင်းယားကန်ပေါင်ဘေးအနီးရှိ အများပြည်သူသုံး အဆင့်မြင့်သန့်စင်ခန်းတစ်ခု အပါအဝင် သန့်စင်ခန်းကိုးလုံးကို အငှားချဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
    အငှားချဆောင်ရွက်မည့် သန့်စင်ခန်းကိုးလုံးမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာန ကြီးကြပ်မှုအောက်ရှိ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း သန့်စင်ခန်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၃၉)ကားကြီးဂိတ်အနီး သန့်စင်ခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ခရမ်းသုံးခွ ကားဂိတ်အနီးသန့်စင်ခန်း ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ သန့်စင်ခန်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်တုန်းလမ်းမကြီးနှင့် ကျန်စစ်သားလမ်းဆုံ (ရုံးရှေ့မှတ်တိုင်)အနီးရှိ သန့်စင်ခန်း၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပုသိမ်-ညောင်တုန်းလမ်းဘေး BOC အဝိုင်းအနီးရှိ သန့်စင်ခန်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ညောင်တုန်းလမ်းနှင့်မကွေးလမ်းကြား မီးခွက်ဈေးအနီးရှိ သန့်စင်ခန်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အနော်ရထာလမ်းနှင့် မကွေးလမ်း ထောင့်ရှိ သမကုန်းမှတ်တိုင်အနီးရှိ သန့်စင်ခန်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း အင်းယားကန်ပေါင်ဘေး (New Day) ဓာတ်ဆီဆိုင်အနီး အများပြည်သူသုံး အဆင့် မြင့်သန့်စင်ခန်းတို့ဖြစ်ကြောင်း သိရသည်။
    လက်ရှိတွင် YCDCမြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သန့်စင်ခန်းကိုးလုံးအား အငှားချဆောင်ရွက် ရန် တင်ဒါခေါ်ယူထားသည်။ ထို့အပြင် တင်ဒါပုံစံနှင့် စည်းကမ်းချက်များ၊ တင်ဒါပုံစံ များကိုလည်း ယင်းဌာနတွင် ဒီဇင်ဘာ ၈ ရက်မှ ၂၀ ရက်အထိ ရောင်းချပေးမည်ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် တင်ဒါပုံစံဖွင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ အသိပေးထားသည်။

Total Views ~ 181

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43927

© 2022 - 2025 News. All Rights Reserved.