Breaking

အစိုးရ၊တပ်မတော်နှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်မှ အကြမ်းဖက်မှုများအပေါ် အောင်မြင်နိုင်မည်ဟု နစက ဒုတိယဥက္ကဋ္ဌ ပြောကြား

၂၀၂၄ ၊ ဧပြီ ၃၀
    လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ပြီး ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ဒေသတည် ငြိမ်အေးချမ်း ရေးအတွက် ဒေသခံပြည်သူများကို နားလည်သဘောပေါက်ရန် ဆွေးနွေးစည်းရုံးရန် လိုအပ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
    ဧပြီလ ၂၉ ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဝန်ကြီးချုပ်များနှင့် ဌာနဆိုင် ရာတာဝန်ရှိသူများအား မော်လ မြိုင်မြို့၌  တွေ့ဆုံအမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့သည် နယ်စပ်ဒေသများဖြစ်ပြီး အရေးပါသောနယ် စပ်ကုန်သွယ်ရေး ဝင်ပေါက်များရှိသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည့် အခြေအနေများ၊ လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ် စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ပြီး ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများကို နားလည်သဘော ပေါက် အောင် ရှင်းလင်းဆွေးနွေးစည်းရုံး ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများ၊ တည်ငြိမ်အေး ချမ်းမှုရှိပြီးဖြစ်သည့် မြို့/ရွာများအတွင်း အကြမ်းဖက်သောင်း ကျန်းသူများ စိမ့်ဝင်ခိုအောင်းမှု မရှိစေရေး လုံခြုံရေး အသိ၊ လုံခြုံရေးသတိ ရှိစွာဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများကို ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရသည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေ အနေများ၊ ဆေးဝါးကုသမှုပေးထားသည့် အခြေအနေများ၊ ရောဂါကုသ ပျောက်ကင်း သက်သာမှုအခြေအနေများနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

Total Views ~ 177

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43928

© 2022 - 2025 News. All Rights Reserved.