၂၀၂၃ အောက်တိုဘာ ၃၀
မြန်မာနိုင်ငံတော် အစိုးရသည် စစ်ပွဲဖြစ်ပွားနေသည့် အစ္စရေးနိုင်ငံမှ အခက်အခဲနှင့် ကြုံတွေ့နေ ရသော မြန်မာနိုင်ငံသားများကို ပြန်လည်ကယ်ထုတ်ရေး စီမံချက်အရ အခြားနိုင်ငံများနည်းတူ နိုင်ငံ တော်အစိုးရအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ကယ်ထုတ် ပို့ဆောင်ပေးလျက်ရှိသည်။
ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်ဒေသကို အခြေပြုသည့် ဟားမက်စ်အဖွဲ့က အောက်တို ဘာ ၇ ရက်တွင် အစ္စရေး နိုင်ငံအား စတင်ကျူးကျော်တိုက်ခိုက်၍ စစ်ပွဲစတင်ဖြစ်ပွားပြီး ရက်ပိုင်းအတွင်း အစ္စရေးတွင်ရှိနေသည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံသားအချို့ စစ်ပွဲအတွင်း သေဆုံးခြင်း၊ ပြန်ပေးဆွဲခံ ရခြင်းများ ဖြစ်ပွားခဲ့သည်။
ထိုကြောင့် စစ်ပွဲစတင်ပြီး ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအသီးသီးမှ မိမိတို့ နိုင်ငံသားများအား ပြန်လည်ကယ်ထုတ်ရန် ကြိုးပမ်းခဲ့ကြပြီး မြန်မာနိုင်ငံမှလည်း အစ္စရေးရှိ မိမိနိုင်ငံသားများအား အမိနိုင်ငံသို့ ပြန်လိုပါက အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ မြန်မာနိုင်ငံသံရုံးသို့ ရုံးဖုန်းသော်လည်း ကောင်း၊ သံရုံးဝက်ဘ်ဆိုက်သော်လည်းကောင်း ဆက်သွယ်ရန် ကြေညာခဲ့သည်။
ယခုအခါ စစ်ပွဲကြောင့် အမိနိုင်ငံ ပြန်လိုသည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင် ငံသားများသည် အောက်တိုဘာ ၂၅ ရက် တွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှ EI AI Airline LY 081 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ထွက်ခွာခဲ့ပြီး အောက်တိုဘာ ၂၆ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်းအမှတ် 8M 351 ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံရန်ကုန်မြို့သိ့ု လေကြောင်း ခရီးစဉ်ဖြင့် ပြန် လည်ရောက်ရှိခဲ့ကြသည်။
ပြန်လည်ရောက်ရှိလာသည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နိုင်ငံခြားရေးဝန်ကြီး ဌာန စီမံကိန်းနှင့်စီမံရေး ရာဦးစီးဌာနနှင့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူ များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ပြန်လည်ကယ်ထုတ်ရေး ခရီးစဉ် တွင် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသား များဖြစ်ကြသည့် မမိုးသီတာအောင်၊ မခင်နှင်းအိ၊ ဒေါ်လမိုင်းမိုင်ရွာနှင့် ဦးအောင်ကျော်ဦးတို့ လေးဦးအား အမိနိုင်ငံသို့ ပြန် လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။