အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံပိုင် နိုင်ငံခြားငွေများ သုံးစွဲမှုမပြုနိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ စက်တင်ဘာ ၄
    နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ များနှင့်ပတ်သက်၍ မိမိတို့ စတင်တာဝန် ထမ်းဆောင်ချိန်တွင် အနောက်နိုင်ငံများအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို လုပ် ဆောင်ခဲ့ကြောင်း၊ အထောက်အပံ့များ ပေးအပ်မှုကိုလည်း လျှော့ချခဲ့ကြောင်း၊ ထိုသို့ စီးပွားရေးအရ ပိတ်ဆို့မှုများကြောင့် မိမိတို့ နိုင်ငံပိုင် နိုင်ငံခြားငွေများ သုံးစွဲမှုမပြုနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
    ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များအား သြဂုတ် ၃၀ ရက်က ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ ဆွေးနွေးစဉ် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
    "မိမိတို့အနေဖြင့် ကုန်သွယ်မှုများမှ ရရှိသည့်ငွေများကို အဓိကထားသုံးစွဲနေရ ခြင်းဖြစ်ပြီး ယခင်က ပြည်ပမှဝင်နေသည့် ဝင်ငွေများကို ပြန်လည်စိစစ်ခဲ့ရာတွင် ချေးငွေများ၊ ထောက်ပံ့ငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပချေးငွေများကို တတ် နိုင်သမျှ ပြန်လည်ပေးဆပ်ရလျက်ရှိပြီး အဓိကအားဖြင့် ကုန်သွယ်မှုများဆောင်ရွက်နိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်ကြရမည်"ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင် အောင်လှိုင်က မှာကြားခဲ့သည်။
    ထို့အပြင် ပြည်တွင်းထုတ်ကုန် ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အရည်အသွေး ကောင်းမွန်အောင်ဆောင် ရွက်ကြရန်လိုကြောင်း၊ ပြည်ပသို့ ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်မှသာ နိုင်ငံခြားငွေများ တိုးတက်ရရှိပြီး နိုင်ငံ့စီးပွားရေးတိုးတက်လာ မည်ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
    နိုင်ငံ့စီးပွား တိုးတက်ရေးနှင့် ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်နိုင်ရေးအတွက် နိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ သီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီး အထွက်နှုန်း ကောင်းမွန် စေရေး မျိုး၊ မြေ၊ ရေ၊ နည်းဟူသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အထွက်နှုန်းများတိုး တက်လာ မည်ဆိုပါက စိုက်ပျိုးရေးတောင်သူများ ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နိုင်ငံအတွက်လည်း ဝင်ငွေများရရှိပြီး နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
နဒီ

Total Views ~ 158

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43808

© 2022 - 2025 News. All Rights Reserved.