အမျိုးသမီးသင်္ဘောသား အလုပ်အကိုင်အခွင့်အလမ်းအပေါ်၌ လိမ်လည်မှုများရှိခြင်းကြောင့် သတိပြုဆင်ခြင်ရန် (MSF) ဥက္ကဋ္ဌ ပြော

ရန်ကုန်၊ ဇွန် ၁၂
    အမျိုးသမီးသင်္ဘောသား အလုပ် အကိုင်အခွင့်အလမ်းအပေါ်တွင် ငွေလိမ်သည့် ပြဿနာများ ပေါ်ပေါက်နေခြင်းကြောင့် သတိပြုဆင်ခြင်ရန် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ် (MSF) ဥက္ကဋ္ဌ ကပ္ပတိန် ဦးစိုးမင်းအောင်က ပြောသည်။ 
    "အမျိုးသမီးတွေ သင်္ဘောလိုက်မယ့်ကိစ္စက လူငယ်တွေကြားထဲမှာ တော်တော် ဂယက်ထနေတယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ဘက်က ဘာတွေတွေ့လာရသလဲဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းအပေါ်မှာ အသုံးချပြီးတော့ လိမ်တဲ့ညာတဲ့ ကိစ္စတွေ အဲဒီလိုဟာတွေ တွေ့လာရတယ်။ ကျွန်တော်ပေးချင်တဲ့ Message ကတော့ ငွေရေးကြေးရေးနဲ့ပတ်သက်ရင် အလုပ်မြန်မြန်ရမယ်ဆိုတဲ့ ကိစ္စ၊ ဒီလိုလုပ်မှ ဒီအလုပ်ရ မယ်ဆိုတဲ့ကိစ္စ၊ ဆွဲဆောင်တဲ့ စကားတွေအပေါ်မှာ သိပ်ပြီးတော့ အစွန်းရောက် ယုံကြည်မှုမထားဖို့ ပြောချင်တယ်။ လိုအပ်ရင် အချိန်မရွေး အဖွဲ့ချုပ်ကို လာတိုင်ပင်လို့ရတယ်။ ဒီလိုခေတ်ကာလမှာ သင်္ဘောသား လောကမှာရော၊ ပြည်ပထွက် အလုပ်လုပ်ကြတဲ့ လောကမှာရော လူလိမ်လူညာတွေ အများကြီး တွေ့ရတယ်။ အဲဒီတော့ အွန်လိုင်းပေါ်ကနေ အလုပ်ရမယ်၊ ဘယ်နေ့လာပါဆိုတဲ့ ကိစ္စတွေကိုလည်း ယုံကြည်ပြီးတော့ ငွေပေးတဲ့ကိစ္စတွေ မလုပ်ကြ ပါနဲ့လို့ တိုက်တွန်း အကြံပေးလိုပါတယ်"ဟု ၎င်းကပြောသည်။ 
    လတ်တလော အခြေအနေအရ အမျိုးသမီးသင်္ဘောသားများကို ခရီးသည် တင်သင်္ဘောများကို လိုက်ခွင့်ပြုထားပြီး ကန့်သတ်ချက်များလည်း ရှိနေကြောင်း (ြှၤ) ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်က ထပ်မံပြောဆိုသည်။ 
    "အမျိုးသမီးတွေ သင်္ဘောလိုက်ဖို့ ခရီးသည်တင်သင်္ဘောကိုပဲ ခွင့်ပြုထားတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်တင်သင်္ဘောကို လိုက်တဲ့ လုပ်ငန်းသဘောသဘာဝနဲ့ ခရီးသည်တင်သင်္ဘော မတူဘူး။ ရာသီဥတုဒဏ်ခံရတာတွေက အများကြီးသက်သာပါတယ်။ လုပ်ငန်းအားဖြင့် လူတွေအများကြီးနဲ့ ဆက် ဆံရတာ စိတ်ဖိစီးမှု ပိုရှိမယ်ဆိုပေမယ့် သင်္ဘောပေါ်မှာ တခြားစိတ်အပန်းဖြေဖို့ ဝန်ဆောင်မှုတွေ အများကြီးရှိတယ်။ ရုပ်ရှင် ကြည့်လို့ရတယ်။ သီချင်းဆိုချင်ရင်လည်း အဆင်ပြေတယ်။ ဘားမှာ ခွင့်ပြုချိန်သွားသောက်ရင်လည်း အဆင်ပြေတယ်။ ရာသီဥ တုအားဖြင့်လည်း ကုန်တင်သင်္ဘောထက် အများကြီးသက်သာပါတယ်။ အမျိုးသမီးတွေသည် နိုင်ငံတော်အနေနဲ့ရော၊ ကျွန်တော်တို့အဖွဲ့အစည်း အနေနဲ့ရော သူတို့ရဲ့ ကြုံတွေ့ရမယ့် အခက်အခဲအပေါ်မှာမူတည် ပြီးတော့ သူတို့ကို ကန့်သတ်ချက် တွေ အမျိုးသားထက် ပိုပြီးတော့ လုပ်ထားတာရှိပါတယ်။ ဒါတွေကို ကျော်လွှားနိုင်မှပဲ အမျိုးသမီးတွေ လည်း လိုက်ဖို့အတွက် အဆင်ပြေမယ့်သ ဘောရှိပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက်ဆို တာ ခက်ခက်ခဲခဲ ကန့်သတ်ချက် မဟုတ်ပါဘူး။ သူတို့ရဲ့ လုံခြုံမှုအတွက် လိုအပ်မယ်လို့ ယူဆတဲ့အချက်တွေနဲ့ ကျွန်တော်တို့ ကန့်သတ်ထားတာပါ။ ကျွန်တော်တို့က သင်္ဘောသားဘက်ကို ပြန်ကြည့်တဲ့ အခါ ကျတော့ သင်္ဘောသားက ပြည်ပထွက်ရမှာ ဖြစ်တဲ့အ တွက် သူပြည်ပထွက်သွားတဲ့ အချိန်မှာ အလုပ်အကိုင်ရှိမှ အဆင်ပြေမယ်။ အဲဒါကြောင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ အမျိုးသမီးတွေကို ရေကြောင်းနဲ့ဆိုင်တဲ့ သင်တန်းတွေသူ့ကိုအ လုပ်ခန့်စာမရဘဲနဲ့ တက်ခွင့်မပြုထားဘူးလို့ အဲဒီလိုပဲ နားလည်ထားတယ်လေ။ အဲဒီလို အလုပ်ခန့်စာမရဘဲနဲ့ သူ့ကို သင်တန်းပေး တက်လိုက်ရင် သူက အလုပ်ခန့်အပ်စာမရှိဘဲနဲ့ ပြည်ပထွက်သွားရင် ဘယ်လိုနေရာမှာ အဆုံးသတ်မယ်ဆိုတာ ကျွန်တော်တို့လည်း ခန့်မှန်းလို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့တော့ နိုင်ငံတော်နဲ့ ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနက အမျိုးသမီးဆိုရင်တော့ အလုပ်ခန့်စာရမှပဲ သင်တန်းတက် ခွင့်ရမယ်ဆိုတာကို ကန့်သတ်ချက်လေး လုပ်ထားတယ်လို့ မှတ်ယူပါတယ်"ဟု ၎င်းက ပြောသည်။ 
    အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ၏ ပြဋ္ဌာန်းချက်တွင် အမျိုးသမီး သင်္ဘောသား များနှင့် ပတ်သက်၍ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်သည့် လူမှန်သမျှ သင်္ဘောသား ဖြစ်ရမည်ဟု သတ်မှတ်လိုက်သည့်အတွက် အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ သင်္ဘော သားဖြစ်ကြောင်း သတ်မှတ်ထားသည်။ 
    မြန်မာနိုင်ငံတွင်ပြည်ပသို့  မြန်မာသင်္ဘောသား အမျိုးသားနှင့် အမျိုးသမီး စေ လွှတ်ဖို့အတွက် လိုင်စင်ချပေးထားသည့် ကုမ္ပဏီ ၁၉၀ ကျော်ရှိကြောင်း သိရသည်။ သို့သော် အဆိုပါ ကုမ္ပဏီ ၁၉၀ ကျော်လုံးက အမျိုးသမီးများကို စေလွှတ်၍မရကြောင်း သိရသည်။ အမျိုးသမီးများကို စေလွှတ်ရန် သတ်မှတ်ထားသည့် ကုမ္ပဏီ ၁၀ ခုမှ ၁၅ ခုခန့်ရှိကြောင်း သိရသည်။

Total Views ~ 267

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45607

© 2022 - 2025 News. All Rights Reserved.