အမြန်လမ်းတွင် အုန်းသီးများတင်လာသည့်ကုန်တင်ကား တံတားအောက်ထိုးကျ တိမ်းမှောက်၊ ၂ ဦးဒဏ်ရာရ

၂၀၂၃ မတ် ၁၂

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းအပိုင်တွင် မတ် ၁၂ ရက် ( ယနေ့ ) နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနတ်ကြီးအမြန်လမ်း မီးသတ်စခန်း အပိုင် မိုင်တိုင်အမှတ် ၃၈/၆ နှင့် ၃၈/၇ ကြားတွင် ရန်ကုန်ဘက်မှနေပြည်တော်သို့ အုန်းသီးများ တင်ဆောင် မောင်းနှင်လာသည့် HINO RANGER (ခေါင်းစိမ်း/မီးခိုးရောင်ကြား) ကားသည် တံတားဘေးကာထားသည့် ကွန်ကရစ်အကာနံရံအားတိုက်မိပြီး တံတားနံရံကျိုးကာ တံတားအောက်သို့ ထိုးကျတိမ်းမှောက်သွားခဲ့ သည်။

ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းနှင့်ဘုရားကြီးနယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊  အရန်မီး သတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများပြု လုပ်ခဲ့ကြ သည်။ ဖြစ်စဥ်တွင် ကုန်တင်ကားမောင်းသူနှင့်လိုက်လာလာသူတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ပဲခူးမြို့ပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

 

Total Views ~ 332

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43344

© 2022 - 2025 News. All Rights Reserved.