Breaking

အမှတ်(၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်)မှ တစ်ရက်လျှင် ဘိလပ်မြေ တန် ၅၀၀၀ အမြန်ဆုံးထွက်ရှိနိုင်ရေး ဆောင်ရွက်မည်

ရန်ကုန်၊ ဇွန် ၂၆
    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် စက်မှုနယ်မြေရှိ အမှတ်(၃၆) အကြီးစားစက်ရုံ(ကျောက်ဆည်)နှင့် မြစ်သားမြို့နယ်ရှိ အမှတ်(၇) အထည်စက်ရုံတို့မှ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား စစ်ဆေးပြုပြင်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိရာ အမှတ်(၃၆) အကြီးစား စက်ရုံ(ကျောက်ဆည်)မှ တစ်ရက်လျှင် ဘိလပ်မြေတန် ၅၀၀၀ အမြန်ဆုံး ထွက်ရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ အမှတ်(၃၆) အကြီးစား စက်ရုံ(ကျောက်ဆည်)အနေဖြင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စက်ရုံအလုပ်ရုံများ၊ သာသနိက အဆောက်အအုံများအား ပြုပြင်မှုများ ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ဘိလပ်မြေများ ဖြည့်တင်းပေးနိုင်ရေး၊ လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ သည်။
    အဆိုပါ စက်ရုံအနေဖြင့် ဇွန် ၁၂ ရက်တွင် မီးသင်းဖိုနှင့် ဘိလပ်မြေစက်ရုံတို့အား လည်ပတ်၍ တစ်ရက်လျှင် ဘိလပ်မြေ တန်ချိန် ၂၀၀၀ စတင်ထွက်ရှိနေပြီဖြစ်သော်လည်း သတ်မှတ်စက်စွမ်းအားဖြစ်သည့် တစ်ရက်လျှင် တန် ၅၀၀၀ အမြန်ဆုံးထွက်ရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
    ထို့ပြင် အမှတ်(၇) အထည်စက်ရုံ (မြစ်သား)မှ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများအား ပြုပြင်လျက်ရှိပြီး ချည်မျှင်များ ထုတ်လုပ်လျက်ရှိပြီး စက်ရုံအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ထုတ်လုပ်ရန် လျာထားကာ လျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်ရန် စက်ရုံအမြန်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ စက်ရုံမလည်ပတ်ခင် စက်ရုံတွင် တပ်ဆင်ထား သည့် စက်ပစ္စည်းကိရိယာများအား ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးပြီးမှသာ စက်ရုံလည်ပတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  သက်မှူး

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45809

© 2022 - 2025 News. All Rights Reserved.