၂၀၂၃ အောက်တိုဘာ ၁၀
လတ်တလော သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ခံစားနေရသည့် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့ စင်္ကြာခြံရပ်ကွက် ဗောဓိရိပ်သာကျောင်းတွင် ခိုလုံနေသည့် ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ် ဦး အရေးပေါ် မွေးဖွားရန်အတွက် လူမှုကွန်ရက်မှတစ်ဆင့် အကူအညီတောင်းခံခဲ့ရာ နာရီပိုင်းအတွင်း တပ်မတော်သားများနှင့် ဒေသခံပရဟိတ လုပ်ဆောင်သူများသွား ရောက်ကယ်တင်ခဲ့ ကြောင်း အကူအညီ တောင်းခံသူထံမှ သိရသည်။
ရေဘေးကြောင့်အဆက်အသွယ် ပြတ်တောက်မှုများ ရှိနေသည့်အတွက် အရေးပေါ် ခွဲစိတ်မွေးဖွားရမည့် လူနာအမျိုးသမီးအတွက် အကူအညီတောင်းခံခဲ့ရာ လာရောက်ကူညီပေးခဲ့ခြင်း ဖြစ်ပြီး အချိန်မီဆေး ကုသမှုခံယူခဲ့ရကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၅၉ နှစ်တွင်း အမြင့်ဆုံးမိုးရေချိန်ဖြင့် ပဲခူးမြစ် ရေကြီးမှုကြောင့် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာလေးရွာရှိ အိမ်ခြေ ၁၃၀၀ ခန့်ထိ ခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၅၆၀၀ ခန့်ရေ ဘေးသင့်ခဲ့ကြောင်း၊ လက်ရှိတွင် ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်၍ ကူညီကယ်ဆယ်ရေး ယာယီစခန်းများဖွင့် လှစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ် ပြန်ထားသည်။
အောက်တိုဘာ ၅ ရက်မှ ယနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ ၈၈၀ စင်တီမီတာကျော်ကာ စိုး ရိမ်ရေမှတ် ၉၇၀ စင်တီမီတာ ရောက်ရှိခဲ့ သည်။ မြစ်ဝဲ/ယာ အနိမ့်ရပ်ကွက်ပေါင်း ၁၂ ရပ်ကွက်၊ ကျေးရွာပေါင်းလေးရွာ ရေ ကြီးနစ်မြုပ်ခဲ့သည်။ ၅၉ နှစ်အတွင်း အမြစ် ဆုံးမိုးရေချိန် ၇ ဒသမ ၈၇ လက်မဖြင့် စံချိန် တင်ခဲ့ခြင်းဖြစ်သည်။
ရေဘေးကူညီကယ်ဆယ်ရန်အ တွက် ကယ်ဆယ်ရေးစခန်း ၂၄ ခု၊ စာသင် ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ဖွင့်လှစ်ထားကာ အိမ်ခြေ ၁၃၀၀ ခန့်၊ လူဦးရေ ၅၆၀၀ ခန့် စောင့်ရှောက်ထား ခြင်းဖြစ်သည်။ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်ပြီး စခန်း များအတွက် ဆန်၊ ဆီ၊ ငါးပိ၊ ကြက်ဥ၊ ဘဲဥ၊ အသား၊ ဟင်းသီးဟင်းရွက်၊ အာလူး၊ ကြက် သွန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်များပေးပို့ ဆောင်ရွက်ထား ကြောင်း၊ ဌာနဆိုင်ရာ၊ အလှူရှင်များကလည်း နေ့ရောညပါ ထမင်း ထုပ်များ လှူဒါန်းလျက်ရှိကြောင်း ဖော်ပြ ထားသည်။