အလုပ်သမားအရေးဆိုင်ရာကိစ္စရပ်များကို တစိုတ်မတ်မတ် ရပ်တည်ဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ်ထားဟု ပြည်သူ့အလုပ်သမားပါတီဥက္ကဋ္ဌ ပြော

၂၀၂၃ စက်တင်ဘာ ၁၁
    ပြည်သူ့အလုပ်သမားပါတီဥက္ကဋ္ဌ တစ်ဦးအနေဖြင့် အလုပ်သမားအရေးဆိုင်ရာ ကိစ္စရပ်များကို ပို၍ ကျွမ်းကျင်နေသည့် အတွက် အဆိုပါ အလုပ်သမားအရေးများကို တစိုတ်မတ်မတ် ရပ်တည်ဆောင်ရွက်ပေးနိုင် ရေးရည်ရွယ်ထားဟု ယင်းဥက္ကဋ္ဌ ဦးကျော်ဇင် ကပြောသည်။ ပြည်ပအလုပ်သမား ဝန် ဆောင်မှုလုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ် ကိုင်ခဲ့သူဖြစ်၍ အလုပ်သမားရေးရာကိစ္စ ရပ်များနှင့် ပတ်သက်လျှင် ၎င်းင်းထံလာရောက် ဆွေးနွေးကြသည်ဟု ဆက်ပြောသည်။ 
    ပါတီအလုပ်အမှုဆောင်ထဲမှာက ပါဝင်တာအစုံပဲ။ ရှေ့နေတွေလည်း ပါတယ်။ပင်စင်စားပါတယ်။ ပြီးတော့ စက်ရုံအလုပ် ရုံတွေထဲမှာ အလုပ်လုပ်နေတဲ့ လူတွေပါတယ်။ အဓိကကတော့ ကျွန်တော်တို့ပါတီကို လူတွေ ထင်ထားတာက အလုပ်သမားအရေး တစ်ခုတည်းပဲလုပ်တယ်ပေါ့။ အဲဒီလိုမျိုး မြင် ကြတယ်။ အဓိကကတော့ လူတိုင်းကလည်း အလုပ်သမားကိစ္စဆိုရင် ကျွန်တော့်ဆီလာ တာများတယ်။ ဒါကတော့ ပုဂ္ဂိုလ်ရေး ခင် မင်မှုနဲ့ပါ။ လူတွေက သိနေတယ်။ ဒီလူက ဒါတွေလုပ်ခဲ့တာဆိုတာမျိုးဆိုပြီးတော့ အဲဒီ လို လာတာများတယ်။ ဒါပေမဲ့ တခြားအရေးတွေကျတော့ ကျွန်တော်က ဒီအလုပ်သမားအရေး Professional  ဗျာ၊ ကျွန်တော် ဥက္ကဋ္ဌအနေနဲ့ ကျွမ်းကျင်မှုရှိတယ်။ တချို့ဆို ရင် ကျွန်တော်တို့ပါတီထဲမှာ မြေယာအရေး ကိစ္စတွေ ကျွမ်းကျင်သူရှိတယ်။ အဲဒီလိုမျိုး မြေယာ ကိစ္စလာလို့ရှိရင်လည်း ပါတီထဲက အဲဒီအရေးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတာ မျိုးပေါ့။ အဓိကကတော့ဗျာ၊ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းပြောရရင် အလုပ်သမား ကိစ္စအား သာတယ်။ နစ်နာမှုတွေ အခွင့်အရေးကိစ္စတွေကို တစ်စိုက်မတ်မတ်ရပ်တည် ဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားတယ်ဟု ဦးကျော်ဇင်က ပြောသည်။ 
    ပြည်သူ့အလုပ်သမားပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် နိုင်ငံရေး ပါတီအဖြစ် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးဖြစ်၍ လက်ရှိတွင် ပါတီဝင်လူအင်အားစာရင်း UEC သို့တင်ပြထားကြောင်း သိရသည်။

Total Views ~ 182

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43791

© 2022 - 2025 News. All Rights Reserved.