အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်ကြား ကျောင်းသူများအား သားအိမ်ခေါင်းကင် ဆာရောဂါကာကွယ် ဆေးထိုးနှံပေးမည်

၂၀၂၃ စက်တင်ဘာ ၂၀
    ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တို့တွင် ထိုးနှံနိုင်ခြင်းမရှိ၍ သုံးနှစ်စာကိုပေါင်းကာ အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာ ရောဂါကာ ကွယ်ဆေး (HPV) ထိုးနှံခြင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
    အဆိုပါကာကွယ်ဆေး စတင်ထိုးနှံခြင်း အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်က ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက  မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် သား အိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံရခြင်း၏ ရည် ရွယ်ချက်မှာ အသက် (၉) နှစ်မှ (၁၂)နှစ်အတွင်း မိန်းကလေးငယ်များကို ထိုးနှံပေးခြင်း အားဖြင့် ဗိုင်းရပ်(စ်)ပိုးနှင့် စတင်ထိတွေ့ခြင်း မရှိမီအချိန်တွင် ကြိုတင်ကာကွယ်ထားနိုင်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ရန်၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကူးစက်မှုကို ကာကွယ်ရန်နှင့် ထိန်းချုပ်နိုင်ဖို့အတွက် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် မတ်လတွင် WHO မှ ထုတ်ပြန်ထားသော HPV အချက်အလက်များအရ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ အဖြစ်အများဆုံး အသက်အုပ်စုမှာ အသက် (၁၅)နှစ်မှ အသက်(၄၄)နှစ်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
    ထို့အပြင် အသက်(၉)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသူများနှင့် ကျောင်းပြင်ပ မိန်းကလေး ငယ်အားလုံးကို ရှာဖွေထိုးနှံပေး ရန် လိုအပ်ကြောင်း၊ ၂၀၂၁နှင့် ၂၀၂၂ ခုနှစ် တို့တွင် ထိုးနှံနိုင်ခြင်းမရှိ၍ သုံးနှစ်စာကို ပေါင်း၍ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ကျောင်းအခြေပြု ထိုးနှံခြင်းနှင့် အောက်တို ဘာလတွင် ပြည်သူလူထုအခြေပြုကာကွယ် ဆေးထိုးနှံခြင်းဟူ၍ အဆင့်နှစ်ခုခွဲပြီး ထိုးနှံပေးသွား မည်ဖြစ်ကြောင်း ဖြည့်စွက်ပြော ကြားသည်။
    ယခုထိုးနှံပေးသော ကာကွယ် ဆေးသည် သားအိမ်ခေါင်းကင်ဆာရောဂါ ကူးစက်ဖြစ်ပွားခြင်းမှ ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မှာဖြစ်ပြီး စအိုနှင့် လိင် အင်္ဂါကြွက်နို့ ဖြစ်ပွားခြင်းကိုလည်း ကာကွယ် ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ တိုင်းပြည်သူ့ကျန်းမာ ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး အခြေခံပညာရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ကာကွယ်ဆေးထိုး လုပ်ငန်းများကို ကူညီပံ့ပိုးပေးသွားမည်ဟု သိရသည်။

Total Views ~ 183

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43817

© 2022 - 2025 News. All Rights Reserved.