Breaking

အသောက လူမှုဖွံ့ဖြိုးရေးအသင်းမှ ကောက်ယူသည် ပညာရေးစစ်တမ်းတွင် မိဘများ၏ ကူညီပံ့ပိုးမှုအရေးကြီးကြောင်း အသိပညာ ပေးနိုင်ခဲ့

၂၀၂၄ ဇန်နဝါရီ ၂
    အသောက လူမှုဖွံ့ဖြိုးရေးအသင်းမှ ကောက်ယူသည် ပညာရေးစစ်တမ်းတွင် မိဘများ၏ ကူညီပံ့ပိုးမှုအရေးကြီးကြောင်း အသိပညာပေးနိုင်ခဲ့ကြောင်း ပညာရေးစစ်တမ်း (Citizen Led Ascessment ) အရ သိရသည်။
    အဆိုပါစစ်တမ်းကို အသောက လူမှုဖွံ့ဖြိုးရေးအသင်း(ညောင်ဦး)၏အသင်း တာဝန်ရှိသူများက သုံးနှစ်တာအတွင်း လုပ်ဆောင်ခဲ့ကာ နိုင်ငံသားများ ဦးဆောင် ကောက်ယူသောပညာရေးစစ်တမ်း (Citizen Led Ascessment) ဖြစ်ကြောင်း သိရသည်။
    အသင်း၏ ပရောဂျက်အရာရှိ ဒေါ်ခိုင်ခိုင်ထွန်းက "စစ်တမ်းကောက်တဲ့နေ ရာမှာလည်း ရွာတွေထဲအထိသွားပြီး အိမ်တိုင်ရာရောက် ကောက်ယူခဲ့တာပါ။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ငါးအိမ်ခြား တစ်အိမ်ပေါ့။ ကျောင်းတက်နေတဲ့ကလေးတွေ ချည်းမဟုတ်ဘဲ ကျောင်းထွက်ထားတဲ့က လေး၊ ကျောင်းလုံးဝမနေရတဲ့ ကလေးအားလုံးကို အခြေခံစာဖတ်အတွက် စွမ်းရည် ဘယ်လောက်ထိရှိလဲဆိုတာကို စစ်ဆေးကောက်ယူ အကဲဖြတ်ခဲ့တာပါ။ မေးခွန်း ထုတ်တယ်၊ စစ်ဆေးတယ်၊ စစ်ဆေးလို့ ရလာတဲ့အခါမှာ စစ်တမ်းတွေကို ရပ်ရွာပြည်သူလူ ထုကို ချပြပြီးတော့ ဒီကလေးတွေရဲ့ အခြေအနေက ဒီလိုရှိတယ်။ ကျွန်မတို့က တစ်ပိုင်တစ်နိုင် ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက် မလဲ။ ပညာရေးဟာ ကျောင်းတက်နေရုံနဲ့မပြီးပါဘူး။ မိဘတွေရဲ့ ကူညီပံ့ပိုးမှု ဘယ်လောက် အရေးကြီးတယ်ဆိုတာတွေကို ပြည်သူတွေကို အသိပညာပေးနိုင်ခဲ့ပါတယ်။
    မိဘပြည်သူတွေကလည်းရပ်ရွာ အုပ်ချုပ်ရေးမှူးတွေ၊ ဆရာ ဆရာမတွေ ပူးပေါင်းပြီး လုပ်ဆောင်ကြပါတယ်။ ကလေး တွေကို အရည်အသွေးမြင့် ပညာရေးရရှိအောင် ကျွန်မတို့က နည်းပညာပေးတယ်။ ပံ့ပိုးကူညီတယ်။ သင်တန်းပေးတယ်။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးခဲ့ပါတယ်"ဟုပြောကြားခဲ့သည်။
    ပရောဂျက် အစပိုင်းတွင် ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်များတွင် ရှေ့ပြေးစစ်တမ်းများ ကောက်ယူခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းရှိ ကျေးရွာ ၇၅ ရွာ အိမ်ထောင်စုပေါင်း ၁၅၀၀ ကျော်ကို  အသက် (၅) နှစ်မှ (၁၆) နှစ်အတွင်းရှိ ကလေး ၁၇၈၅ ဦးတို့၏ အခြေခံမြန်မာ စာဖတ်စွမ်းရည်၊ အခြေခံအင်္ဂ လိပ်စာဖတ် စွမ်းရည်နှင့် အခြေခံသင်္ချာ စွမ်းရည်တို့ကို စစ်တမ်းများ ကောက်ယူခဲ့ကြောင်း သိရသည်။
    အသောက လူမှုဖွံ့ဖြိုးရေးအသင်းမှ ဥက္ကဋ္ဌဦးမြင့်ငွေက "စစ်တမ်းရလဒ်တွေ့ ရှိချက်တွေကို ရပ်ရွာပြည်သူလူထု CSO နဲ့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များကိုတင်ပြ ထားနိုင်ခဲ့ပါတယ်။
    နောက်လာမည့်နှစ်များအတွက်  အသင်းက မိတ်ဘက်အဖွဲ့အစည်းတွေ လုပ်ထားတာရှိပါ တယ်။ အဲဒီအဖွဲ့အစည်းတွေက ရေရှည်လုပ်ကိုင်ဆောင်ရွက်နိုင်အောင် CLA Tools များ ဖန်တီးခြင်း နည်းလမ်းများနဲ့ အကဲဖြတ်မှုနည်းလမ်းများကို ပံ့ပိုးပေးထားခဲ့ကြောင်း Street Child (UK) ကလည်း နောက်ထပ်ပရောဂျက်တစ်ခု ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခံထားရတာလည်း ရှိပါတယ်"ဟုပြော ကြားခဲ့သည်။
    အဆိုပါ CLA ပရောဂျက်အတွက် Street Child (UK) မှ ဦးဆောင်၍ အိန္ဒိယနိုင်ငံ Pratham Foundation မှလည်း နည်းပညာပံ့ပိုးကူညီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် တစ်ပြိုင်တည်း အရှေ့တောင်အာရှနိုင်ငံ များဖြစ်သည့် အာဖဂန်နစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှလည်း အလားတူစစ်တမ်းများ ကောက်ယူခဲ့ကြောင်း၊ ယင်းနိုင်ငံ များမှ အရပ်ဘက်အဖွဲ့အစည်းများက လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

Total Views ~ 167

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43948

© 2022 - 2025 News. All Rights Reserved.