အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ သွပ်လက်ကြံ့ခိုင်မူကိုတည်ဆောက်ခြင်း ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ၂၇
ပြည်တွင်း MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ "အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ သွပ်လက်ကြံ့ခိုင်မူကိုတည်ဆောက်ခြင်း" ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကို နိုင်ဘာ၂၆ ရက်နေ့ တွင် UMFCCIအသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် UMFCCIအသင်းချုပ်ဒုတိယဥက္ကဌ ဦးအေးလွင်က"အခု Seminar က အသေးစား၊အလတ်စားလုပ်ငန်းတွေဖွံဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ပြီးတော့ ကျင်းပပေးတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ MSMEလုပ်ငန်းများမှာ လိုအပ်လျှက်ရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့ များ၊စက်ပစ္စည်းဆိုင်ရာ၊နည်းပညာဆိုင်ရာ အထောက်အပံ့များ၊ စံချိန်စံညွှန်းနဲ့ လုပ်ငန်းဆိုင်ရာ အထောက်အပံ့များနဲ့ထုတ်ကုန်ဖြန့်ဖြူးမူဆိုင်ရာဗဟုသုတများ MSMEထုတ်ကုန်လိုင်စင် လုပ်ငန်းရှင်များနဲ့ဘေးကင်းလုံခြုံသည့် အစားအသောက်ဗဟုသုတတို့ကို ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ဆွေးနွေးမျှဝေသွားမှာဖြစ်ပါတယ်။"ဟုပြောကြားခဲ့သည်။  
အဆိုပါ ဆွေးနွေးပွဲတွင် ပညာရှင်များအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတီယညွှန်ကြားရေးမှူးဦးသိုက်စိုး၊စက်မူကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးကျော်ကျော်ညွှန့်၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း စသည်တို့မှ MSMEလုပ်ငန်းများနှင့်ပတ်သက်သည့် လိုင်စင်ကိစ္စ၊မှတ်ပုံတင်ကိစ္စနှင့် နည်းပညာရပ်ကိစ္စစသည်တို့ကို ဟောပြော ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
MSMEထုတ်ကုန်လုပ်ငန်းများသည် အသေးစားလုပ်ငန်းများဖြစ်သော်လည်း ထုတ်ကုန်များကိုလွယ်ကူစွာ စျေးကွက်လိုအပ်ချက်များအတိုင်ပြောင်းလဲ ထုတ်လုပ်နိုင်ခြင်း၊ တီထွင်စွာဆန်းသစ်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်ခြင်း၊ နိုင်ငံတော်၏ GTPကိုတိုးမြင့်နိုင်ခြင်း စသည့် အားသာချက်များရှိကြောင်း၊ မြန်မာနိုင်ငံတွင် အသေးစားအလတ်စားလုပ်ငန်းများအနေဖြင့် များစွာလုပ်ကိုင်လာလျှက်ရှိရာ ရင်းနှီးမြုပ်နှံ မှုနှင့် နည်းပညာအခက်အခဲများရှိကြောင်း သိရသည်။ သက်မှူး

Total Views ~ 154

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43719

© 2022 - 2025 News. All Rights Reserved.