Breaking

အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် ပဏာမမြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း စတင်လေ့ကျင့်

ရန်ကုန်၊ မေ ၇
    မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် ၂၀၂၄ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ AFF U-16 Cham-pionship အတွက် ပဏာမကစားသမား ၃၁ ဦးဖြင့် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
    မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ဖွဲ့စည်းနိုင်ရန်အတွက် ဂျပန်နည်းပြ Mita Michiteru နှင့် နည်းပြအဖွဲ့က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ပြီးခဲ့သည့်နှစ် FIFA - MFF U-15အထက်/ အောက် မြန်မာပြည်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သူ ကစားသမား ၈၄ ဦး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီများမှ ယူ-၁၅ ကစားသမား ၄၄ ဦး၊ စုစုပေါင်း ၁၂၈ ဦးတို့အား ကြံ့ခိုင်မှု၊ ကျန်းမာရေး၊ နည်းစနစ်အတိုင်းလိုက်ပါ ကစားနိုင်မှုစသည်ဖြင့် အဆင့်ဆင့် စမ်းသပ်ရွေးချယ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ 
    ပထမအဆင့် ရွေးချယ်ခံရသော ကစားသမား ၄၀ ကျော်ကို မတ်လဆန်းပိုင်းမှ စတင်ကာ သုဝဏ္ဏလက်ရွေးစင်အဆောင်၌ စခန်းသွင်းခဲ့ပြီး မေလဆန်းပိုင်းတွင် အာဆီယံပြိုင်ပွဲအတွက် ၃၁ ဦးသို့ လျှော့ချခဲ့ခြင်း ဖြစ်ပြီးပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအနေဖြင့် လေ့ကျင့်ခန်း အစီအစဉ်များကို သင်္ကြန်ကာလ အပါအဝင် တစ်ရက်နှစ်ကြိမ်၊ တစ်ပတ်ခြောက်ရက် ပြုလုပ်နေပြီး အပတ်စဉ် ဗုဒ္ဓဟူးနှင့်စနေနေ့တိုင်း လေ့ကျင့်ခြေစမ်းပွဲများ ကစားလျက်ရှိသည်။
    မြန်မာ့လက်ရွေးစင် ယူ-၁၆ အ သင်းကို အုပ်ချုပ်သူအဖြစ် ဦးစိုးမြတ်မင်း၊ နည်းပြချုပ်အဖြစ် Mita Michiteru၊ လက်ထောက်နည်းပြများအဖြစ် ဦးအောင်ဇော်မျိုး နှင့် ဦးမြတ်မင်းသူ၊ ဂိုးနည်းပြအဖြစ် ဦးမြကိုမင်းတို့က တာဝန်ယူဆောင်ရွက်နေကြသည်။ အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက ဇွန် ၂၁ မှ ဇူလိုင် ၄ ရက်အထိ ပြုလုပ် သွားမည်ဖြစ်ပြီး အုပ်စုခွဲဝေမှုကို မကြာမီပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 212

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43930

© 2022 - 2025 News. All Rights Reserved.