ရန်ကုန်၊ အောက်တိုဘာ ၂၃
၂၀၂၄ အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲမဲခွဲပွဲအား အောက်တိုဘာ ၂၁ ရက်က ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအပါအဝင် အိမ်ရှင်ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ငါးသင်းပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲအား အုပ်စုပတ်လည်စနစ်ဖြင့် ကစားသွားမည်ဖြစ်ပြီး မြန်မာ့လက် ရွေးစင်အမျိုးသမီးအသင်းသည် နိုဝင်ဘာ ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီ ခွဲတွင် အိမ်ရှင် ဖိလစ်ပိုင်နှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက် မြန်မာစံတော် ချိန်မွန်းလွဲ ၂ နာရီခွဲတွင် ဗီယက်နမ်နှင့် လည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ထိုင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် အင်ဒိုနီးရှားနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဟု သိရသည်။
၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအား ဖိလစ်ပိုင်နိုင်ငံ ဈေငါ မြို့တွင် နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အုပ်စုတွင် အဆင့် ၃ နှင့် အဆင့် ၄ ရ အသင်းတို့သည် နိုဝင်ဘာ ၂၁ ရက်တွင် တတိယလုပွဲအဖြစ် လည်းကောင်း၊ အဆင့် ၁ နှင့် အဆင့် ၂ ရအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက်တွင် ဗိုလ်လုပွဲအဖြစ်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲအပြင် အာရှဖလား ခြေစစ်ပွဲအတွက်ပါ ပြင်ဆင်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က ကိုင်တွယ်လျက်ရှိသည်။ ထူးမြတ်