အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) သေနတ်ပစ်ပြိုင်ပွဲ မြန်မာ့တပ်မတော်မှ နိုင်ငံအလိုက် တတိယ အဆင့်ရပ်တည်

ရန်ကုန်၊ နိုဝင်ဘာ ၂၇
    (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်ခုနစ်ခုတို့ရရှိခဲ့ပြီး နိုင်ငံအလိုက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
    နိုဝင်ဘာ၁၂ ရက်မှ ၂၃ ရက်ထိ ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet – 32nd AARM)ကို ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦး တို့ ပါဝင်ခဲ့ကြပြီး ပစ္စတိုအမျိုးသားအသင်း၊ ပစ္စတိုအမျိုးသမီးအသင်း၊ ကာဘိုင်အမျိုး သားအသင်း၊ ရိုင်ဖယ်အမျိုးသားအသင်းနှင့် စက်သေနတ် အမျိုးသားအသင်းတို့ ဝင် ရောက်ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။
    တစ်ဦးချင်း အမှတ်ပေးပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် ခြောက်ခု၊ အသင်းလိုက် ထိလဲပြား ပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်တစ်ခု တို့ရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်ခုနစ်ခု အသီးသီး ဆွတ်ခူးရရှိခဲ့ကာ နိုင်ငံအလိုက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
    ဇူလိုင်လ ၂၃ ရက်က နေပြည် တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ လေဆိပ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် တပ်မတော်အရာရှိ ကြီးများက ကြိုဆိုခဲ့ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 233

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43721

© 2022 - 2025 News. All Rights Reserved.