Breaking

အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများမှ ရေးသားထားသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အကြံပြုစာတမ်းများ ဖတ်ကြားတင်ပြမည် 

၂၀၂၄  ဇန်နဝါရီ ၁၀ 
    အာဆီယံ အထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံသည့်ပွဲတွင် ပါတီများမှ ရေးသားထားသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုစာတမ်းများ ဖတ်ကြားခြင်း၊ တင်ပြခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။
    "အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့မှာဆိုတော့ အကြံပြုစာ ရေးပြီးပြီ။ သူ့ရဲ့ခေါင်းစဉ်ကိုက ပါတီစုံဒီမိုကရေစီ ရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အကြံပြုစာ ရေးခိုင်းတာ။ ဒီအကြံပြုစာမှာ ရွေးကောက်ပွဲ ကိစ္စပေါ့။ ရွေးကောက်ပွဲက ဘယ်လိုဆိုရင် အောင်မြင်မယ်ဆိုတာမျိုး ပေါ့။ ကျွန်တော်ကတော့ အချက်ငါးချက်ရေး ထားတယ်။ အဓိကကတော့ ရွေးကောက်ပွဲ ကို ပြည်သူတွေလည်း ပါဝင်လာအောင် စည်းရုံးဖို့ပေါ့။ ဒီမိုကရေစီလိုလားတဲ့ ပါတီနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်ရောက် အောင်ပေးတဲ့ တပ်မတော်တို့ ပူးပေါင်းပြီး တော့ နိုင်ငံသားတွေကို ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်တင်ပေးဖို့ အချက်တွေပေါ့။နောက်ပြီးတော့ နိုင်ငံတကာကိစ္စ ၊အိမ်နီး ချင်းကောင်းတွေ လိုတဲ့အကြောင်း၊ ကျွန် တော်တို့နိုင်ငံကို ပျက်စီးရာပျက်စီးကြောင်း လုပ်မယ့် နိုင်ငံတွေရဲ့ရန်ကနေ ဝိုင်းဝန်းကာ ကွယ်ပေါ့။ အဲဒီလို အကြံပြုချက်တွေ ပါဝင်ပါတယ်"ဟု ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်က ပြောသည်။
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဦးဆောင်မှုဖြင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံမည့် အစီအစဉ်တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အကြံပြုချက် စာတမ်းဖတ်ကြားတင်ပြခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက်တွင် ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမ၌ ကျင်းပမည်ဟု သိရသည်။
    "ပါတီတွေရဲ့ အကြံပြုစာတွေမှာကတော့ ကျွန်တော်တို့ ဟုမ္မလင်းဒေသဆိုရင် ဟုမ္မလင်းမှာ ရွေးကောက်ပွဲ လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလားပေါ့။ မလုပ်နိုင်ဘူးဆိုရင် ဘာကြောင့် မလုပ်နိုင်တာလဲ၊ ပြီးတော့ နယ်မြေဒေသအခြေအနေ လုံခြုံမှုရှိ၊ မရှိ ဒါမျိုးတွေနဲ့ သွားမယ့်သဘောမှာ ရှိပါ တယ်။ ကျွန်တော်တို့ပါတီဆိုလို့ရှိရင် ငါးမြို့ နယ်ယူထားတော့၊ အဲဒီငါးမြို့နယ်မှာ ရွေး ကောက်ပွဲ လုပ်နိုင်မယ်၊ မလုပ်နိုင်ဘူး၊ လုံခြုံ မှု ရှိ၊ မရှိ အဲဒီအချက်တွေကို စာနဲ့တင်ရမှာ။ ကျွန်တော်တို့ ရေးတဲ့စာတမ်းကို အခမ်းအနားမှာဖတ်ပြီး သူတို့ကိုတင်ရမှာပါ"ဟု တိုင်းလျန်(ရှမ်းနီ)သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဋ္ဌ စိုင်းသိန်းဖေမြင့်က ပြောသည်။ 
    လက်ရှိတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ UEC မှ မှတ် ပုံတင်ခွင့်ပြုပြီးဖြစ် သော နိုင်ငံရေးပါတီ ၄၅ ပါတီရှိပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အကြံပြုချက် စာတမ်း များ ရေးသားတင်ပြရာတွင် ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့် ပါတီဖြစ်ပါက တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အတွက်လည်းကောင်း အကြုံပြု စာတမ်းတစ် စောင်ဆီ တင်ပြရမည်ဟု ပါတီတာဝန်ရှိ အချို့၏ ပြောပြချက်အရ သိရသည်။

Total Views ~ 170

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43948

© 2022 - 2025 News. All Rights Reserved.