၂၀၂၄၊ ဖေဖော်ဝါရီ ၂၁
လာအိုနိုင်ငံအနေဖြင့် ၂၀၂၄ ခု နှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် အောင်မြင်စွာ တာဝန်ထမ်းဆောင်နိုင်ရန် မြန်မာနိုင်ငံက အားပေးထောက်ခံလျက်ရှိပြီး အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမည်ဟု လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောသည်။
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုသည် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sale-umxay Komm asith အား ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီခွဲအချိန်က လာအိုနိုင်ငံ ခြားရေးဝန်ကြီးဌာန၌ သွားရောက် ဂါရဝပြုတွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ခဲ့ကြောင်း နိုင်ငံခြားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ တွေ့ဆုံ စဉ် အာဆီယံမူ ဘောင်အောက်မှ အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေးနှင့် အမျိုး သားပြန်လည်စည်း လုံးညီညွတ်ရေးအတွက် မြန်မာအစိုးရမှ ကြိုးပမ်းအကောင်အထည် ဖော်နေမှုများအား ရှင်းလင်းပြောကြားခဲ့ ကြောင်းလည်း သိရသည်။
ဆက်လက်၍ မြန်မာ-လာအို နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုတိုးတက်ခိုင်မာစေရေး၊ စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှုကဏ္ဍ၊ နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေး၊ အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်လက်မှတ် ရေးထိုးနိုင်ရေးတို့ကိုလည်း အမြင်ချင်း ဖလှယ်ဆွေး နွေးခဲ့ကြောင်း သိရသည်။
နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေး၊ ကာကွယ်ရေးကဏ္ဍနှင့် နှစ်နိုင်ငံ ပြည်သူများ အကြား ထိတွေ့ဆက်ဆံ မှုများ တိုးမြှင့်နိုင်ရေးအပါအဝင် နှစ်နိုင်ငံ အကျိုးတူပူး ပေါင်းဆောင်ရွက်မှုများ ဆက်လက် မြှင့်တင်သွားရေးနှင့် အခြားအလား အလာရှိသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များကို ရှာဖွေဖော်ဆောင်သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။