Breaking

အာရှခြေစစ်ပွဲယှဉ်ပြိုင်မည့် ပဏာမမြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းလူစာရင်း ထုတ်ပြန်

၂၀၂၄  ဇန်နဝါရီ ၁
    ၂၀၂၄ ခုနှစ်အတွင်း ကျင်းပမည့် အသက်(၂၀) အောက် အာရှဖလားခြေစစ် ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေး စင်ယူ-၁၉ အသင်းအတွက် ပဏာမ လက် ရွေးစင်လူစာရင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။
    အဆိုပါလူစာရင်းတွင် ကစားသ မား ၄၄ ဦးပါဝင်ပြီး ယခင် မြန်မာ့လက် ရွေးစင်ယူ-၁၆ (Young Boys) အသင်းမှ ကစားသမားများ၊ အကယ်ဒမီများမှ ကစားသ မားများ၊ တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲများမှ ထွက်ပေါ်လာသောကစားသမားများ၊ NL 1 / 2 မှ ကစားသမားများကို အဆင့်ဆင့် စိစစ် ရွေးချယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းအလိုက် အလားအလာရှိသည့် လူငယ်ကစားသမားများကိုလည်း ထပ်မံအားဖြည့်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
    ပဏာမ လက်ရွေးစင်ယူ-၁၉ အသင်းကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဦး အောင်နိုင်၊ လက်ထောက်နည်းပြများအဖြစ် ဦးအောင်ခိုင်၊ ဦးခင်မောင်ထွေးနှင့် ဂိုးနည်းပြ အဖြစ် ဦးဇော်လင်းအောင်တို့က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး သုဝဏ္ဏဘောလုံးကွင်း လက်ရွေးစင် အဆောင်တွင် ကာလရှည် စခန်းသွင်း လေ့ကျင့်ပေးလျက် ရှိပါသည်။ 
    ကာလရှည် စခန်းသွင်းလေ့ကျင့် နေသည့်ကာလအတွင်း ပြိုင်ပွဲအတွေ့အကြုံကောင်းများ ရရှိရန် ၂၀၂၃ ခုနှစ် မြန်မာနေ ရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲကို (Junior Lions) အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ပြည်တွင်းကလပ်များ၊ အကယ်ဒမီ အသင်း များနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေခဲ့ကြောင်း သိရသည်။
    မြန်မာ့လက်ရွေးစင်ယူ-၁၉ အ သင်းသည်  ၂၀၂၄ ခုနှစ်အတွင်း အာရှခြေ စစ်ပွဲစဉ်သာမက အာဆီယံချန်ပီယံရှစ်နှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Total Views ~ 176

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43947

© 2022 - 2025 News. All Rights Reserved.