အာရှဖလားဒုတိယအဆင့် တက်လှမ်းနိုင်သည့် မြန်မာအသင်းအား နစကဥက္ကဋ္ဌမှ ဒေါ်လာ ၅၀၀၀ ဆုချီးမြှင့်

၂၀၂၃  စက်တင်ဘာ ၂၅
    အာရှအားကစားပွဲတော် အမျိုး သားဘောလုံးပြိုင်ပွဲတွင် ဒုတိယအဆင့် တက်လှမ်းနိုင်ခဲ့သည့် မြန်မာယူ-၂၄ အသင်းအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ ဒေါ်လာ ၅၀၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
    တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော် အမျိုးသားဘောလုံး ပြိုင်ပွဲတွင် အကောင်းဆုံး တတိယနေရာမှ ဒုတိယအဆင့် ၁၆ သင်းရှုံးထွက်သို့ တက် လှမ်းနိုင်ခဲ့သည့် မြန်မာ ယူ-၂၄ အသင်းအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဒေါ်လာ ၅၀၀၀ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း ပိုင်ရှင်များမှ ကျပ်သိန်း ၅၀၀ ဆုကြေးငွေ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ 
    မြန်မာ ယူ-၂၄ အသင်းသည် အဆိုပါ ပြိုင်ပွဲ၏ အုပ်စု(က)တွင် အိမ်ရှင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်တို့နှင့် အတူ ကျရောက်ခဲ့ပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ် ပွဲရှုံး ရမှတ်လေးမှတ်ဖြင့် အကောင်းဆုံး အုပ် စုတတိယနေရာမှ ဒုတိယအဆင့်သို့ တက် လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ရာ တွင် ပထမပိုင်းတွင် မြန်မာ့နောက်ခံလူအမှား ကြောင့် ပယ်နယ်တီပြစ်ဒဏ်ဘော ပေးခဲ့ရ ကာ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရသည်။ ဒုတိယ ပိုင်း တွင် ချေပဂိုးပြန်လည်ရရှိရေး တိုက်စစ်မြင့်ခဲ့ပြီးနောက် အဖိုးတန်ချေပဂိုးပြန်လည်ရရှိကာ အကောင်းဆုံး အုပ်စုတတိယအဆင့်ဖြင့် ပြိုင်ပွဲဒုတိယအဆင့်သို့ တက်လှမ်း ခဲ့ခြင်းဖြစ်သည်။
    မြန်မာ အမျိုးသားအသင်းသည် အာရှအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ သမိုင်းတွင် ချန်ပီယံနှစ်ကြိမ်၊ တတိယ တစ် ကြိမ်ရရှိခဲ့ပြီး ၁၉၇၄ ခုနှစ် နောက်ပိုင်းမှ စတင်ကာ အုပ်စုမှမတက်နိုင်ခဲ့ဘဲ ယခုနှစ် ပြိုင်ပွဲမှသာ ဒုတိယအဆင့်သို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ-၂၄ အသင်းအနေဖြင့် ဒုတိယအဆင့် တွင် အာရှအင်အားကြီး ဂျပန် သို့မဟုတ် ပါလက်စတိုင်းအသင်းနှင့် လာမည့် စက်တင်ဘာ ၂၈ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Total Views ~ 265

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43807

© 2022 - 2025 News. All Rights Reserved.