၂၀၂၃ မတ် ၂၀
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် Indian Economic Trade Organization ၊ India ASEAN Trade Council နှင့် EU African Union Trade Council တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် နယူးဒေလီမြို့ ၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် ကျင်းပခဲ့သည့် UN International Day of Happiness 2023 အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားသို့ ပါဝင် တက်ရောက်ခဲ့ပါသည်။

လူမှုအကျိုးပြု ကူညီထမ်းပိုးဆောင်ရွက်မှုများမှတစ်ဆင့် သာယာချမ်းမြေ့ပျော်ရွှင်သော လူမှုအသိုက်အဝန်းကို ဖန်တီးပေးလျက်ရှိသည့် Happy Heroes များအား ဂုဏ်ပြုသော အဆိုပါ အခမ်းအနားသို့ အိန္ဒိယနိုင်ငံရှိ အသင်းအဖွဲ့များ၊ သံတမန်များ၊ Academic နယ်ပယ်မှ ပါမောက္ခများ ပါဝင်တက်ရောက်၍ ၎င်းတို့၏ အတွေးအမြင်နှင့် အတွေ့အကြုံများကို ဆွေးနွေးဟောပြောခဲ့ကြ ပါသည်။
အခမ်းအနားသို့ မြန်မာသံအမတ်ကြီးနှင့်အတူ သံတမန်အဖွဲ့ နာယက၊ ကျူးဘား၊ မက်ဆီဒိုးနီးယား၊ ပါပူဝါနယူးဂီနီ စသည့် နိုင်ငံများမှ သံအမတ်ကြီးများ၊ အာရှ၊ ဥရောပနှင့် အာဖရိကနိုင်ငံများမှ သံတမန်များ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။