Breaking

အိန္ဒိယသို့ မတ်ပဲနှင့် ပဲစင်းငုံတင် သွင်းခွင့် ၂၀၂၅ အထိ သက်တမ်းတိုးမြှင့်

၂၀၂၄ ၊ ဇန်နဝါရီ ၁၀
    အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် မြန်မာနိုင်ငံ မှ မတ်ပဲနှင့်ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်အား ၂၀၂၅ ခုနှစ် မတ်လကုန်အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောသည်။
    ယခင် သဘောတူညီချက်သည် လာမည့်  မတ်လကုန်အထိဖြစ်ပြီး ယခုနှစ် အိန္ဒိယတွင် မတ်ပဲနှင့် ပဲစင်းငုံ ပြည်တွင်းဝယ်လိုအား မြင့်တက်လာမှုကြောင့် နောက်ထပ် တစ်နှစ် ထပ်မံတိုးမြှင့် တင်သွင်းခွင့်ပြုလိုက် ခြင်းဖြစ်သည်။
    စီပွားရေးသတင်းရင်းမြစ်တစ်ခုတွင် လက်ရှိ အိန္ဒိယတွင် ပဲစင်းငုံနှင့် မတ်ပဲ ဈေး မြင့်တက်နေသည့်အပြင် ယခုနှစ်အတွင်း အထွက်နည်းမည်လည်းဖြစ်ရာ ဈေး နှုန်းကိုထိန်းရန်နှင့် ပြည်တွင်းဈေးကွက်ဖူလုံရန် မြန်မာနိုင်ငံမှ ပဲနှစ်မျိုးလုံးအား တန် ချိန်များစွာ တင်သွင်းရန် စီစဉ်နေကြောင်း ဆိုသည်။
    အိန္ဒိယသည် မြန်မာမှ လာမည့် ဖေဖော်ဝါရီတွင် ပထမအသုတ်အဖြစ် ပဲနှစ်မျိုးပေါင်း တန်ချိန်လေးသိန်းကို တင်သွင်းရန် စီစဉ်ထားပြီး စုစုပေါင်း မတ်ပဲတန် ချိန် လေးသိန်းနှင့် ပဲစင်းငုံတန်ချိန် တစ်သန်းတင်သွင်းမည်ဟုဆိုသည်။
    ထို့ကြောင့် ယခုသက်တမ်းတိုးမှု ထုတ်ပြန်ချက်သည် မြန်မာနိုင်ငံမှ ပဲစိုက် တောင်သူများနှင့် ပဲတင်ပို့သူများအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက ပဲဈေးကွက် ကိုလည်း ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ ဆိုသည်။
    ကုန်ခဲ့သည့် ၂၀၂၂-၂၃ ဘဏ္ဍာ နှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့ထားပြီး အမေရိကန် ဒေါ်လာ ၁ ဒသ ၃ ဘီလီယံနီးပါးရရှိခဲ့သည်။ပဲတင်ပို့မှုတွင် အိန္ဒိယနိုင်ငံသို့ အများဆုံးတင် ပို့ပြီး တရုတ်အပါအဝင် အခြားနိုင်ငံများသို့ လည်း တင်ပို့လျက်ရှိသည်။      

Total Views ~ 264

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43948

© 2022 - 2025 News. All Rights Reserved.