ရန်ကုန်၊ နိုဝင်ဘာ ၁၄
အိမ်ရာ၊မော်တော်ယာဉ် လူသုံးကုန်နှင့် ပညာ ရေးအ ရောင်းပြပွဲအား နိုဝင်ဘာ ၁၄ ရက် နံနက်၁၀နာရီမှ စတင်ကာ ညနေ ၄ နာရီထိ ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီးပေါ်ရှိ Tea Garden တွင် ကျင်းပခဲ့ရာပရိုမိုးရှင်း၊ အထူးလျော့စျေးများပါဝင်ခဲ့ကြောင်း သိရသည်။
Heho International Real Estate မှ တာဝန်ရှိသူတစ်ဦးက “အဓိကတော့ Community က နှစ်ခုပေါ့နော်။တစ်ခုကတော့ နိုင်ငံခြားဝင်ငွေရှိတဲ့ ပုံမှန်ဝင်ငွေ ရနေတဲ့ အဖွဲ့အစည်းတစ်ခုရယ်၊ ဒီမှာ ရှိတဲ့ ဒေသခံတွေပေါ့။ သာကေတမြို့ဆိုတော့ သာကေတ၊ဒေါပုံ၊ သင်္ဃန်းကျွန်း၊သုဝဏ္ဍ ၊ ဒဂုံဆိပ်ကမ်း အဲမြို့နယ်မှာရှိတဲ့ လူ တန်းစားတွေအားလုံး အတွက် ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ်။ဒီပွဲဖြစ်မြောက်အောင် အေးရိပ်မွန်ဗီလာ က သူတို့ရဲ့အိမ်ယာစီမံကိန်းတွေကို ဒီပြပွဲမှာ ပြသတယ်။
ဒီနေရာမှ အိမ်ခြံမြေတစ်ခုတည်းတင်မဟုတ်ဘဲနဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ပါ ဖန်တီးပေးထားတာပေါ့။ အိမ်ဝယ်တယ်။ဆောက်တယ်။ဆောက်ပြီး သွားရင် ကိုယ်မနေတဲ့ကာလမှာ နေ့စဉ်ဝင်ငွေရအောင်လို့ ဒေသခံတွေကို ဌားလို့ရတယ်။ ဒီဘဏ်တိုး ငွေနဲ့ အလုပ်လုပ်ပြီးတော့ သက်တမ်းတစ်ခုအတွင်းမှာ ပိုင်ဆိုင်သွားတယ်ဆိုတဲ့ မက်စေ့လေးလည်း ပေးချင်ပါတယ်။
နောက်တစ် ခုက ဒီ Community နှစ်ခုကို ဘာလုပ်ချင်တာလဲဆိုတော့ ဝင်ငွေရလာပြီး ရင်အဲဝင်ငွေက အမြဲ တမ်းမရှိနိုင်ဘူး။ဆိုတော့ ဒီဝင်ငွေကို နောက်ထပ်တိုးပွားလာအောင် ဝင်ငွေမရှိ တော့တဲ့အချိန်မှာလည်း အင်ကမ်းတစ်ခုအနေနဲ့ရှိနေအောင်လို့ ဒီပြပွဲလေးကို ဖန်တီးပေးရခြင်းဖြစ်ပါ တယ်”ဟု ပြောသည်။
အဆိုပါ အိမ်ရာပြပွဲ၌ နိုင်ငံရပ်ခြားတွင် တာဝန်ထမ်းဆောင်နေသူများအတွက် စာချူပ်အရ ဝင်ငွေပေါ်မူတည်ပြီး ရင်းနှီးငွေ သက်တမ်းတိုရယူနိုင်မယ့် အစီအစဉ်များ၊ နွေရာသီနားနေအိမ်များအား အထူးစျေးနှုန်း၊လျော့စျေးများဖြင့် ဝယ်ယူနိုင်မယ့် အစီအစဉ်များ ပါဝင်ကြောင်း၊ထို့ပြင် အဲယားကွန်း ၊ဆိုလာ၊အင်ဗာတာ၊အင်တာနက်၊ လေအေးပေးစက် စသည့် အိမ်သုံးပစ္စည်းများကို ဒစ်စကောင့်စျေးနှုန်းများနှင့် အခမဲ့ တပ်ဆင်ခ စသည့် ပရိုမိုးရှင်းများပါဝင်ခဲ့ပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာ ရှိ အိမ်ရာများ၊မြေကွက်များအား အရစ်ကျစနစ်၊အထူးလျော့ဈေးများဖြင့် ရောင်းချသွားမည့် အစီအစဉ်များ ပါဝင်ခဲ့ကြောင်း သိရသည်။