၂၀၂၃ အောက်တိုဘာ ၃၁
အောင်ဘာလေ ထီလက်မှတ်များ ကျပ်သန်း ၉၀ ကျော် ရောင်းအားပိုတက်လာကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာ လေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ကြေညာချက် အရသိရသည်။
၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁ ရက် တွင် ကျင်းပမည့် (၅၆) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲ အတွက် လက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ၆၂၃၂ ဒသမ ၉၂၀ ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်တွင် ကျင်းပမည့် (၅၅)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင် ဘာလေသိန်းဆုထီ ဖွင့်ပွဲအတွက် ထီလက်မှတ်များရောင်းချရငွေမှာ ကျပ်သန်း ၆၁၃၆ ဒသမ ၄၀၀ ဖြစ်ကြောင်း သိရသည်။
ထီလက်မှတ်များ ရောင်းချရငွေ များ နှိုင်းယှဉ်ကြည့်ပါက (၅၅) ကြိမ်မြောက်ထက် (၅၆) ကြိမ်မြောက်အတွက် ထီလက်မှတ်များ ရောင်းချရငွေ ၉၆ ဒသမ ၅၂ ပို များခြင်းဖြစ်သည်။
(၅၆) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို 'က' အက္ခရာမှ အစဉ် လိုက် 'ဋ' အက္ခရာအထိ စုစုပေါင်းအက္ခရာ ၁၁ လုံးအပေါ်မှ ၇၅ ရာခိုင်နှုန်းဖြစ်သော ထီစာအုပ် ၆၂၃၂၉၂ အုပ်အား ရောင်းချနိုင်ခဲ့သည်။ ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ၆၁၃၆ ဒသမ ၄၀၀ ဖြစ်ကြောင်း၊ အဆိုပါ ရောင်းရငွေ၏ ရာခိုင်နှုန်း ၇၀ ဖြစ် သည့် ကျပ်သန်း ၄၃၆၃ ဒသမ ၀၄၄ ကိုခွဲ ဝေချီးမြှင့်ပေးမည့်အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ဒသမ ၀၀၀ ကိုလည်း ထီဆု ငွေ ပြန်လည်ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာ လေသိန်းဆုဌာနခွဲမှ အသိပေးထုတ်ပြန် ကြေညာထားသည်။
ထို့အပြင် (၅၅) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီ ဖွင့်ပွဲအတွက် ထီလက်မှတ်များကို ]က}အက္ခ ရာမှ အစဉ်လိုက် 'ည'အက္ခရာအထိ စုစု ပေါင်းအက္ခရာ ၁၀ လုံးအပေါ်မှ ၇၅ ရာခိုင် နှုန်း ဖြစ်သော ထီစာအုပ် ၆၁၃၆၄၀ အုပ်အား ကုန်စင်အောင် ရောင်းချနိုင်ခဲ့ပြီး ထီ လက်မှတ်များရောင်းချရငွေမှာ ကျပ်သန်း ၆၁၃၆ ဒသမ ၄၀၀ ဖြစ်ကြောင်း၊ အဆိုပါ ထီလက်မှတ်များရောင်းချရငွေ၏ ရာခိုင်နှုန်း ၇၀ ဖြစ်သည့် ကျပ်သန်း ၄၂၉၅ ဒသမ ၄၈၀ ကို ခွဲဝေချီးမြှင့်ပေးမည့်အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၁၇၂ ဒသမ ၂၆၀ ကို ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ ထီဆုငွေ ပြန်လည်ချီးမြှင့် ပေးခဲ့သည်။