ရန်ကုန်၊ ဇွန် ၂၆
အွန်လိုင်းများမှ ရွှေရောင်းဝယ်သူများ၊ ငွေစုစာအုပ်ဖြင့် ရွှေရောင်းခြင်း၊ တာလီစနစ်ဖြင့် ရွှေရောင်းခြင်းနှင့် ကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းများ မပြုလုပ်ကြရန် အသိပေးအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ရွှေဆိုင်များနှင့် Online မှတစ်ဆင့် ရွှေရောင်း ဝယ်သူများအားလုံး ရွှေဆိုင်နှင့် ပတ်သက်သည့် လိုင်စင်များကို မဖြစ်မနေ လျှောက်ထားရန် တိုက်တွန်းနှိုး ဆော်အပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ရွှေဆိုင်များနှင့် အွန်လိုင်း(Online) ဖြင့် ရွှေရောင်းဝယ်သူ များအားလုံးအား ရည်ညွှန်း၍ ထုတ်ပြန်ခဲ့သည်။
ရွှေဆိုင်လုပ်ငန်းတစ်ခုတွင် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ် ငန်းလိုင်စင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီလုပ်ငန်းလိုင်စင်၊ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်ရေး လုပ်ငန်းအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်နှင့် ကုန်စည်ထုတ်သူ (သို့မဟုတ်) ကုန်သွယ်မှုဆောင်ရွက် သူ (သို့မဟုတ်) ဝန်ဆောင်မှုဆောင်ရွက်သူများအား ထုတ်ပေးသည့် လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို လျှောက်ထားရန် လိုအပ် ကြောင်း သိရသည်။
ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေဆိုင်အားဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းနှင့် လိုအပ်သည့် လိုင်စင်များလည်း လျှောက်ထားဆောင်ရွက်ပေးပါရန် အသိပေးအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများမှလာ ရောက်စစ်ဆေးသည့်အခါတွင် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ အွန်လိုင်း(Online) လိုင်စင် လျှောက်ထားရာတွင် www.ecommerce.gov.mm website တွင် ဝင်ရောက်၍ လျှောက်ထားရနိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည်။ သက်မှူး