ရန်ကုန်၊ အောက်တိုဘာ ၂
မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖျန့်)လုပ်ငန်း ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံသား ၂၀ ကို ပြည်နှင်ဒဏ်ပေးကာ မိခင်တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများကြား သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး ချန်တာဝေ့ ဦးဆောင်သော ဒုစရိုက်သမားများ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်မှု(ကျားဖျန့်)လုပ် ငန်းများ လုပ် ကိုင်လျက်ရှိကြောင်း သတင်းအရ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ချန်တာဝေ့နှင့် ရန်လျန့်အပါအဝင် တရုတ်နိုင်ငံသား တရားခံ ၂၀ တို့အား ဖော်ထုတ်ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော ချန်တာဝေ့ပါ တရုတ်နိုင်ငံသား ၂၀ တို့အား တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော အစောင့်အရှောက်များ ဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ တရုတ်နိုင်ငံသို့ ပြည်နှင်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန် အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြားတ ရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့ လုံခြုံရေးဆိုင်ရာဝန်ကြီး ဌာနတို့ကြား သတင်းဖလှယ်မှုဖြင့် တရားခံများ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။ ထူးမြတ်