Breaking

ဥရောပတွင် ကျောင်းပိတ်ရက်ဖြစ်၍ မြန်မာနိုင်ငံသို့ မိုးတွင်းကာလ နိုင်ငံခြားခရီးသွားများ လာရောက်ဖွယ်ရှိနေ

နေပြည်တော် ဇွန်လ ၁၈
    မိုးရာသီကာလ မြန်မာနိုင်ငံသို့ ဥရောပနိုင်ငံများမှ ခရီးသည်များ လာရောက်နိုင်ခြေရှိကြောင်း မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။ 
    "မြန်မာနိုင်ငံမှာတော့ မိုးတွင်းကာလပေါ့။ အနောက်နိုင်ငံတွေမှာကျတော့ ဒီအချိန်က နွေကာလဖြစ်သွားပြီ။ နွေဆိုတော့ သူတို့ဆီမှာ ကျွန်တော်တို့ဆီက ကျောင်းပိတ်ရက်တွေလိုပဲပေါ့။ နွေကျောင်း ပိတ်ရက်မှာ နှစ်လ၊ သုံးလ ပိတ်တဲ့ဟာမျိုးရှိတယ်။ မိသားစုလိုက် ခရီးသွားကြတာတွေလည်းရှိတယ်။ နောက်တစ်ခါ လူငယ်တွေက ကျောင်းပိတ်တဲ့အချိန်ဆိုတော့ ကမ္ဘာအနှံ့ကို လေ့လာရေး ခရီးထွက်ကြတာရှိတယ်။ အဲဒီလိုအခြေအနေမှာ လူငယ်ခရီးသွားတွေက ၆ လပိုင်း၊ ၇ လပိုင်း၊ ၈ လပိုင်းပေါ့နော်။ အဲဒီ သုံးလမှာ ခရီးသွားကြတာများတယ်။ အဲဒါကြောင့် တချို့ အနောက်နိုင်ငံက ခရီးသွားတွေက တော့ လာနိုင်ခြေရှိတယ်"ဟု ၎င်းကပြော သည်။
    မြန်မာနိုင်ငံသည် အောက်တို ဘာလမှ မတ်လအထိ ခရီးသွားရာသီ သွားလာရန် အသင့်တော်ဆုံး ဟုဆိုသော်လည်း အထက်ပိုင်း ဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီးနှင့် ပုဂံဒေသများသို့ ပြည်ပခရီးသွားများ သွားရောက်လည်ပတ်နိုင်၍ ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်း မြန်မာ နိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ထပ်မံပြောဆိုသည်။ 
    "နိုင်ငံတကာ ခရီးသွားတွေက ရန်ကုန်ကို ရောက်လာရင် ရန်ကုန်မှာက မိုးများတယ်၊ တကယ်တမ်းကျတော့ အထက်ဒေသတွေမှာ မိုးမများဘူး။ ခရီးစဉ်တစ်ခုလုံး မိုးကအနှောင့်အယှက်ပေးနိုင်တာ မဟုတ်ဘူးပေါ့။ မန္တလေးနဲ့ ပုဂံဒေသဆိုရင် အဲဒါမျိုးကို ကျွန်တော်တို့က ဒီအချိန်မှာ သွားရင်တော့ ဆွဲဆောင်မှုတွေရှိတယ်။ လာနိုင်ဖို့အတွက်ကလည်း အခြားသော အထောက်အပံ့ တွေလည်း ရှိဦးမှ။ လေကြောင်းဆက်သွယ်မှုတို့၊ ဘာတို့ အဲဒါတွေလည်း ပြည့်စုံမှသာလာနိုင်မှာ ဖြစ်ပါတယ်။ လာဖို့ကတော့ ရှိပါတယ်။ အဓိကတော့ အစဉ်အဆက်အားဖြင့်က မြန်မာနိုင်ငံကိုလာမယ်ဆိုရင် အကြံပြုကြတာက ပွင့်လင်းရာသီမှ သွားတာကောင်း တယ်ပေါ့။ ၁၀ လပိုင်း နောက်ပိုင်းသွားပြီးတော့ သုံးပိုင်းအထိ ခြောက်လအတွင်း ခရီးသွားဖို့ အကောင်းဆုံးဆိုပြီးတော့ ရှေးယခင်ကတည်းက အကြံပြုကြတယ်။ နိုင်ငံတကာ ခရီးသွားတွေက။ ရန်ကုန်ကို ရောက်လာရင် ရန်ကုန်မှာက မိုးများတယ်။ တကယ်တမ်းကျတော့ အထက်ဒေသတွေမှာ မိုးမများဘူး။ ခရီးစဉ်တစ်ခုလုံး မိုးက အနှောင့်အယှက် ပေးနိုင်တာ မဟုတ်ဘူးပေါ့။ မန္တလေးနဲ့ ပုဂံဒေသဆိုရင် အဲဒါမျိုးကို ကျွန်တော်တို့က ဒီအချိန်မှာ သွား ရင်တော့ ဆွဲဆောင်မှုတွေရှိတယ်။ အားသာချက်တွေ ရှိတယ်ဆိုတာကို ပြောပြီးတော့ ဆွဲဆောင်လို့ရပါ တယ်။ နောက်တစ်ခါ ခရီးသည်လည်း နည်းတဲ့ဒေသဖြစ်တယ်။ ပြည်တွင်း ခရီးသွားတွေလည်း နည်းတယ်။ ဒီအချိန်မှာ ဒါကြောင့် ဟိုတယ်တွေရော၊ ဝန်ဆောင်မှုပေးတဲ့ စားသောက် ဆိုင်တွေကပါ ဈေးနှုန်းလျှော့ချပြီးတော့ ဝန်ဆောင်မှု ပေးနိုင်ကြတယ်။ သင့်တင့်တဲ့ဈေးနဲ့ ပရိုမိုးရှင်း လုပ်ပေးနိုင်ကြ တယ်"ဟု၎င်းင်းက ပြောသည်။ 
    ဆက်လက်၍ ဦးနောင်းနောင်းဟန်က "ဒီအချိန်မှာ ကျောင်းသားတွေက ငွေကြေးသုံးစွဲနိုင်မှု အကန့်အသတ်ရှိတယ်။ သူတို့ရှိတဲ့ မုန့်ဖိုးလေးနဲ့ပေါ့။ အဲဒါကြောင့် ဒီအချိန်မှာ လာတဲ့လူတွေက ကျော ပိုးအိတ်တစ်လုံးလွယ်ပြီးတော့ နိုင်ငံတကာကို ဗဟုသုတရှာတဲ့ ခရီးသွားတွေအတွက်၊ လူငယ် တွေအ တွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာတာ ပေါ့။ အဲဒါမျိုးကို Target ထားသင့်တယ်။ ကိုဗစ်မတိုင်ခင်ကတော့ ဒီလို ၇ လပိုင်း၊ ၈ လပိုင်းတွေမှာ သီးခြားဈေးကွက်တွေဖြစ်တဲ့ အီတလီတို့၊ စပိန်တို့ အဲဒီနိုင်ငံက နိုင်ငံသားတွေက အဓိကလာကြတယ်။ အများအပြားပဲ။ လူငယ်တွေ လာကြတယ်။ ထိုနည်းတူစွာ ကိုဗစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံကို လာကြ တာနည်းသွားတယ်။ မနှစ်ကလည်း နည်းတယ်လို့ ပြောရမှာပေါ့။ ဒါပေမဲ့ တကယ်တမ်းအဲဒီဈေးကွက်ကို ကိုယ်ရသလောက်ပေါ့။ လူ ၁၀၀ လာတယ်။ ၁၀ ယောက် လောက် လာတယ်ဆိုရင်လည်း နိုင်ငံအတွက် ၁၀ ယောက်က အကျိုးရှိတာပဲပေါ့။ အဲဒါ ကြောင့် လုပ်သင့်ပါတယ်"ဟု ပြောသည်။ 
    ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ (UN Tourism) ၏ အစီရင်ခံစာအရ ကမ္ဘာနှင့်တစ်ဝန်း ခရီးစဉ်ဒေသများသို့ နိုင်ငံတကာ ခရီးသည်ရောက်ရှိမှုမှာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို နှိင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်မှုမှာလည်း တိုးတက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ 
    ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည် သုံးသိန်းခွဲ ဝင်ရောက်ခဲ့ပြီး ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းခရီး သွားဦးရေ ၉၀၀၀၀ ကျော်နှင့် ပြည်ပခရီးသွားဦးရေ ၆၀၀ ကျော် လာရောက်လည်ပတ် လေ့လာခဲ့ ကြောင်း သိရသည်။ 

Total Views ~ 246

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43869

© 2022 - 2025 News. All Rights Reserved.