၂၀၂၃ ၊ ဒီဇင်ဘာ ၂၉
ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီ (People's Party-PP)နိုင်ငံရေးပါတီအဖြစ် မှတ် ပုံတင်ခွင့်ရရှိသွားပြီဖြစ်ကြောင်း ယနေ့(ဒီဇင်ဘာလ ၂၉ ရက် ) ကြေညာချက်အမှတ် ( ၅၄ / ၂၀၂၃ )ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့ နယ်၊ မဟာဗန္ဓုလလမ်းမ၊ မဟာဗန္ဓုလအိမ်ရာ၊အမှတ် (၆၂) ၊ တိုက် (ဒီ)၊ (၉) လွှာ၊ အခန်း (၉၀၂) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ပြည်သူ့ပါတီ(People's Party) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင် ဘာလ ၂၉ ရက်နေ့မှစ၍ နိုင်ငံ ရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ကြေညာခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ပါတီ၏ မှတ်ပုံတင်အမှတ်မှာ ( ၄၇ ) ဖြစ်ကြောင်း သိရသည်။