Breaking

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ  ပြဋ္ဌာန်းချက်အပိုဒ်များမှာ တပ်မတော်အတွက် ပြဋ္ဌာန်းထားခြင်း မဟုတ်ဘဲ နိုင်ငံတော်အကျိုးကို မျှော်ကိုးပြီး ထည့်သွင်းပြဋ္ဌာန်းခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

၂၀၂၄ ၊ မတ် ၂၈ 
    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ  ပြဋ္ဌာန်းချက် အပိုဒ်များမှာ တပ်မတော်အတွက် ပြဋ္ဌာန်းထား ခြင်းမဟုတ်ဘဲ နိုင်ငံတော်အကျိုးကို မျှော်ကိုးပြီး ထည့်သွင်းပြဋ္ဌာန်းခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
    "မိမိတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍများကို ထည့်သွင်းဖော်ပြထားခြင်းဟာ အတိတ်သမိုင်းအစဉ်အလာမှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို ကြိုတင်ပြင်ဆင် ကာကွယ်နိုင်ရေးအတွက် ပြဋ္ဌာန်းထားရခြင်း ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်ရဲ့ အခန်းကဏ္ဍမှာပါတဲ့ ပြဋ္ဌာန်းချက် အပိုဒ်တွေဟာ တပ်မတော်အတွက် ပြဋ္ဌာန်းထားတာမဟုတ်ဘဲ နိုင်ငံတော်အကျိုးကို မျှော်ကိုးပြီး ထည့်သွင်းပြဋ္ဌာန်းခြင်း ဖြစ်ကြောင်း ပြောကြားလိုပါတယ်"ဟု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
    ၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သော (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင် "နိုင်ငံတိုင်းရဲ့ တပ်မတော်တွေဟာ ဖွဲ့စည်းပုံတွေ အင်အားတွေ ရည်မှန်းချက်တွေ မတူညီကြပေမယ့် နိုင်ငံတော်ကာကွယ်ရေးအတွက်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ အတူတူပဲ ဖြစ်တယ်။ အဲဒီလိုပဲ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုရင်လည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ တူညီချင်မှတူ ညီနိုင်ပေမယ့် မိမိတို့နိုင်ငံရဲ့ ရေရှည်အကျိုး စီးပွားအတွက်သာ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဦးတည်ပြ ဋ္ဌာန်းကြတာပဲဖြစ်တယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း နောက်ခံအနေအထား လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြား အခြေခံအချက်အလက်တွေအပေါ် မှာမူတည်ပြီး ရေးဆွဲပြဋ္ဌာန်းလေ့ရှိတဲ့ အခြေခံဥပဒေဟာ ဘယ်နိုင်ငံကမှန်ပြီး ဘယ်နိုင်ငံကမှားတယ်လို့ ဆိုလို့မရဘဲ မိမိတို့ နိုင် ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက်သာ ပဓာနပဲ ဖြစ်တယ်"ဟူ၍ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတပ်မ တော်နေ့ စစ်ရေးပြအခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Total Views ~ 187

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43949

© 2022 - 2025 News. All Rights Reserved.