၂၀၂၃ မေ ၅
မေလ (၆) ရက်တွင် နေပြည်တော်၌ ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲတွင် ထူးချွန်ဆုရရှိနိုင်ခြေရှိသည့် ရုပ်ရှင်သရုပ်ဆောင်များအား ခန့်မှန်းချက်ရှိရာတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို အကယ်ဒမီ အိန္ဒြာကျော်ဇင်မှ ရရှိနိုင်ကြောင်း ပရိတ်သတ်များကြားရေးပန်းစားလျက်ရှိသည်။
အကယ်ဒမီ အိန္ဒြာကျော်ဇင်သည် ၂၀၁၉ ခုနှစ်အတွက် အမျိုးသမီး ဇာတ်ဆောင်ဆုကို ” ရိုးမပေါ် ကျတဲ့မျက်ရည်” ဇာတ်ကားဖြင့် ရနိုင်ချေရှိကြောင်း ခန့်မှန်းနေကြခြင်းလည်း ဖြစ်သည်။\
“ရိုးမပေါ် ကျတဲ့မျက်ရည်” ဇာတ်ကားသည် စာရေးဆရာ တင်ညွန့်၏ ” ရိုးမပေါ် ကျတဲ့ မျက်ရည်” ဝတ္ထုကို ပြန်လည် အသက်သွင်း ရိုက်ကူးထားခြင်းဖြစ်ပြီး Bo Bo ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးထုတ်လုပ်ထားသည့် ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်သည်။
အိန္ဒြာကျော်ဇင်သည် အဆိုပါ ရုပ်ရှင် ဇာတ်ကားတွင် ယောက်ျားလေးစိတ်ပေါက်နေသည့် ရွာခံကျောင်း ဆရာတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး မဟုတ်မခံစိတ်၊ ရွာအပေါ် စေတနာထား ချစ်ခင်စိတ်တို့ဖြင့် ကျရာဇာတ်ရုပ်တွင် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ခြင်းတို့ကြောင့် ယခု ကဲ့သို့ အကယ်ဒမီ ရရှိနိုင်ချေ ရှိသည့် စာရင်းတွင်တစ်ပြေးနေခြင်းလည်း ဖြစ်သည်။
” ရိုးမပေါ် ကျတဲ့ မျက်ရည်” ဝတ္ထုသည် စာရေးဆရာ တင်ညွန့်၏ ကျောင်းဆရာဘဝ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကိုယ်တွေ့ဖြစ်ရပ်မှန်အခြေအနေများကို ပြန်လည်ခံစား ရေးဖွဲ့ထားသည့် နာမည်ကြီး ဝတ္ထုတစ်ပုဒ်လည်း ဖြစ်သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်း သက်ဦးမောင်၊မင်းသခင် တို့က ဇာတ်ညွန်း ရေးသားပြီ၊ ဒါရိုက်တာ ကိုပေါက်၊ သရုပ်ဆောင် များအနေဖြင့် မြင့်မြတ် ၊ ထူးအောင်၊ ခင်လှိုင်၊ အိန္ဒြာကျော်ဇင် ၊ ခိုင်သင်းကြည်၊ ညောင်ညောင်၊ အုန်သီး တို့အပါအဝင် ဝါရင့်အနုပညာရှင်များစွာ ပါဝင်အားဖြည့်ထားသည်ကို တွေ့ရသည်။