Breaking

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၆ ဒသမ ၂ သန်းရှိမည်ဟု ခန့်မှန်း

၂၀၂၃ စက်တင်ဘာ ၃
    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦး ရေမှာ ၅၆ ဒသမ ၂ သန်းဖြစ်ကြောင်း လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ သိရသည်။ 
    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ နိုင်ငံတော်၏ မူဝါဒများ၊ စီမံကိန်းများ ရေး ဆွဲချမှတ်ရာတွင် အခြေခံအသုံး ပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နှစ်အလိုက် ခန့်မှန်းလူ ဦးရေစာရင်းအား နှစ်စဉ်ထုတ်ပြန်ပေးလျက် ရှိကြောင်း သိရသည်။ 
    ယင်းစာရင်းများ ထုတ်ပြန်ရာတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိ သော လူဦးရေကို အခြေခံ၍ ခန့်မှန်းတွက် ချက်ထားရာ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်၏ နှစ်လယ်ဖြစ်သော ၂၀၂၃ ခုနှစ် အောက် တိုဘာ ၁ ရက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ကျား ၂၆ ဒသမ ၈ သန်း၊ မ ၂၉ ဒသမ ၄ သန်း စုစုပေါင်း ၅၆ ဒသမ ၂သန်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
    အဆိုပါ နေ့ရက်တွင်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခန့်မှန်း လူဦးရေစာရင်းများအရ ကချင်ပြည်နယ်တွင် ကျား ၁ ဒသမ သုညသန်း၊ မ ၁ ဒသမ သု ညသန်း စုစုပေါင်း ၂ ဒသမ သုညသန်း၊ ကယားပြည်နယ်တွင် ကျား သုည ဒသမ ၂ သန်း၊ မ သုည ဒသမ ၂ သန်း စုစုပေါင်း သုည ဒသမ ၄ သန်း၊ ကရင်ပြည်နယ်တွင် ကျား သုည ဒသမ ၈ သန်း၊ မ သုည ဒသမ ၈ သန်း စုစုပေါင်း ၁ ဒသမ ၆ သန်း၊ ချင်း ပြည်နယ်တွင် ကျား သုည ဒသမ ၂ သန်း၊ မ သုည ဒသမ ၃ သန်း စုစုပေါင်း သုည ဒသမ ၅ သန်း၊ စစ်ကိုင်းတိုင်းတွင် ကျား ၂ ဒသမ ၇ သန်း၊ မ ၃ ဒသမ သုည သန်း စုစုပေါင်း ၅ ဒသမ ၇ သန်း၊ တနင်္သာရီတိုင်း တွင် ကျား သုည ဒသမ ၈ သန်း၊ မ သုည ဒသမ ၈ သန်း စုစုပေါင်း ၁ ဒသမ ၆ သန်း၊ ပဲခူးတိုင်းတွင် ကျား ၂ ဒသမ ၃ သန်း၊ မ ၂ ဒသမ ၇ သန်း စုစုပေါင်း ၅ ဒသမ သုည သန်း၊ မကွေးတိုင်းတွင် ကျား ၁ ဒသမ ၈ သန်း၊ မ ၂ ဒသမ ၁ သန်း စုစုပေါင်း ၃ ဒသမ ၉ သန်း၊ မန္တလေးတိုင်းတွင် ကျား ၃ ဒသမ ၃ သန်း၊ မ ၃ ဒသမ ၆ သန်း ပေါင်း ၆ ဒသမ ၈ သန်း၊ မွန်ပြည်နယ်တွင် ကျား သုည ဒသမ ၉ သန်း၊ မ ၁ ဒသမ သုညသန်း စုစုပေါင်း ၁ ဒသမ ၉ သန်း၊ ရခိုင်ပြည်နယ် တွင် ကျား ၁ ဒသမ ၆ သန်း၊ မ ၁ ဒသမ ၈ သန်း စုစုပေါင်း ၃ ဒသမ ၄ သန်း၊ ရန် ကုန်တိုင်းတွင် ကျား ၄ ဒသမ ၂ သန်း၊ မ ၄ ဒသမ ၈ သန်း စုစုပေါင်း ၉ ဒသမ သုည  သန်း၊ ရှမ်းပြည်နယ်တွင် ကျား ၃ ဒသမ ၄ သန်း၊ မ ၃ ဒသမ ၄ သန်း ပေါင်း ၆ ဒသမ ၈ သန်း၊ ဧရာဝတီတိုင်းတွင် ကျား ၃ ဒသမ သုညသန်း၊ မ ၃ ဒသမ ၂ သန်း စုစုပေါင်း ၆ ဒသမ ၂ သန်း၊ နေပြည်တော်ကောင်စီတွင် ကျား သုည ဒသမ ၇ သန်း၊ မ သုည ဒသမ ၇သန်း စုစု ပေါင်း ၁ ဒသမ ၄ သန်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

Total Views ~ 356

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43831

© 2022 - 2025 News. All Rights Reserved.