Breaking

၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ကျပ်သိန်းပေါင်း သုံးသိန်းကျော်ရှိ

၂၀၂၃ အောက်တိုဘာ ၃၀
    ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ဟိုတယ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်သိန်း ၃၃၁၇၈၀ ကို ခွင့်ပြုပေးနိုင်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၃၀၉ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
     ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂^၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ် ငန်းကော်မတီသည် ဟိုတယ်လုပ်ငန်းလိုင်စင် ခြောက်ခု၊ ဟိုတယ် တည်ဆောက်ခွင့်တစ်ခု၊ တည်းခိုရိပ်သာလိုင်စင် တစ်ခု၊ တည်းခိုရိပ် သာတည်ဆောက်ခွင့်တစ်ခု၊ စုစုပေါင်းအခန်း ၄၇၄ ခန်းတို့ကို အတည်ပြု ခွင့်ပြုပေးခဲ့ပြီး ဟိုတယ်လုပ်ငန်းနှင့် တည်းခိုရိပ်သာလုပ်ငန်းအတွက် ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏစုစု ပေါင်းမှာ ကျပ်သိန်း ၂၃၁၁၁၀ ဖြစ်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုဖြစ်ကြောင်း သိရသည်။
    အတည်ပြုပေးခဲ့သော လုပ်ငန်းလိုင်စင်အားလုံးမှာ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၁၈၄ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ပြီး ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်(ပြည်တွင်း/ပြည်ဝင်) ၁၀၂ခု၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် (ပြည်ပ) ၆၅ ခုတို့လည်း ခွင့်ပြုပေးခဲ့ပြီး အစည်းအဝေးတွင် လိုင်စင်ဆိုင်ရာ ကိစ္စရပ်များ အတည်ပြုပေးပြီးနောက် ဆက်လက်၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးအတွက် လို အပ်သည်များ စီမံဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
    ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအနေဖြင့် (၁/၂၀၂၃)ကြိမ် အစည်းအဝေးတွင် ဟိုတယ်လုပ်ငန်းလိုင်စင် ခြောက်ခု၊ တည်းခိုရိပ်သာတည်ဆောက်ခွင့်တစ်ခု၊ စုစုပေါင်းအခန်း ၂၁၇ ခန်းတို့ကို အတည်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖြစ်သော ဟိုတယ်လုပ်ငန်းအတွက် ခွင့် ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းကျပ်သိန်း ၁၀၀၆၇၀ ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၂၅ ဦး ခွင့်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။

Total Views ~ 187

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43869

© 2022 - 2025 News. All Rights Reserved.