Breaking

၂၀၂၃ ခုနှစ်အကယ်ဒမီစာရင်းဝင်ရုပ်ရှင်ဇာတ်ကား ၃၅ ကားအား ပထမအကြိမ် စိစစ်ကြည့်ရှုပြီးဖြစ်

၂၀၂၃ ဒီဇင်ဘာ ၂၇

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ စာရင်းဝင်ရုပ်ရှင်ကားများအနေဖြင့်ဇာတ်ကားနည်းသော်လည်း ဟာသဇာတ်ကားများတွင် အကယ်ဒမီအဆင့်မီသည့် ဇာတ်ကားများပါဝင်ကြောင်း အဆိုပါ စာရင်းဝင် ၃၅ ကားအား ပထမအကြိမ်စီစစ်ပြီးဖြစ်ကြောင်း အကဲဖြတ်အဖွဲ့ဝင် ဒါရိုက်တာ အကယ်ဒမီ ဇော်မြင့်ဦး က ပြောကြားခဲ့သည်။

ဒါရိုက်တာ အကယ်ဒမီ ဇော်မြင့်ဦး က "ဒီနှစ်ဇာတ်ကားအရည်အတွက်က နည်းပေမယ့် အဆင့်မီတဲ့ကားတွေ ပါတယ်။ နောက်ဟာသကားတွေများပေမယ့် အဆင့်မီတဲ့ ဇာတ်ကားတွေပါတယ်။ ဒီနှစ်ကတော့ အပြိုင်အဆိုင်လေးတွေလည်း ပါတယ်။ ကျွန်တော်တို့ လက်ရှိကြည့်နေတဲ့ဇာတ်ကားတွေထဲမှာ အထူးဆုဝင်မလား၊ ရိုးရိုးဆု ဝင်မလားဆိုတာ လာမယ့်အပတ်အစည်းအဝေးမှာပြန်ပြီးတော့ ညှိဖို့ရှိပါတယ်။ လက်ရှိ စာရင်းဝင် ၃၅ ကားကို ပထမအကြိမ် စိစစ်ကြည့်ရှုမူတွေ လုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။"ဟု ပြောကြားခဲ့သည်။

အကယ်ဒမီဆုပေးရာတွင် ဆုအရေအတွက် မည်မျှ ရှိမည်ကိုလည်း မသိရှိရသေကြောင်း၊ အထူးဆုပါဝင်မည်ဆိုပါက ရုပ်ရှင်လောကအတွက် ပိုမိုကောင်းမွန်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ "အရင်နှစ်တွေက ၁၁ဆုပေးတာဆိုတော့လေ။ ဒီနှစ်ကတော့ ၁၂ ဆုပေါ့။ အထူးဆုအပါ ၁၂ ဆုပါ။ အခုက အတိအကျကတော့ ပြောလို့မရသေးဘူး။ ဒါကြောင့်ဘယ်နှစ်ဆုရမလဲပြောလို့မရသေးဘူး။ ထူးခြားတဲ့ဆုလေးတွေပါလာတဲ့အတွက် ကျွန်တော်တို့လောကအတွက် ပိုကောင်းတာပေါ့။ ဒီနှစ်လည်း ပါကောင်းပါနိုင်ပါတယ်ဟု ၎င်း ကဆက်လက်ပြော ကြားခဲ့သည်။

ထို့အပြင်" ဒီနှစ်ကတော့ ဖေဖော်ဝါရီလမှာကျင်းပမှာပါ။ ဒီနှစ်ကိုလည်းပရိသတ်စိတ်ဝင်စားမယ့်နှစ်လို့ပဲ ပြောချင်ပါတယ်။ ဆုတွေထွက်လာရင် ပရိသတ်ဆန္ဒနဲ့ ပဲကိုက်ညီမလား၊ပရိသတ် ဆန္ဒမရှိတဲ့ကားတွေပဲ ပါလာမလားဆိုတာ ကြေညာတဲ့အချိန်ကြရင်တော့သိရမှာပါ။" အကယ်ဒမီ ဦးဇော်မြင့်ဦးက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတွင် ဇာတ်ကား ၃၅ ကားကို ပထမအကြိမ် စိစစ်ကြည့်ရှုပြီးဖြစ်ကြောင်း၊ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများကို စိစစ်ရာတွင် အလွှာအသီးသီးမှ လူဦးရေ ၂၅ ဦးဖြင့် ဖွဲ့စည်းထားသည့် အကဲဖြတ်အဖွဲ့ဝင်များက စိစစ်အကဲဖြတ်အဖွဲ့ဝင်များက စိစစ်အကဲဖြတ်နေကြခြင်းဖြစ်ပြီး မကြာမီကာလအတွင်း အကဲဖြတ်အဖွဲ့ဝင်အလွှာအသီးသီးကို ကြေညာပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို လာမည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပသွားရန် လျာထားကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး(ဗဟို)မှ သိရသည်။

Total Views ~ 315

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43938

© 2022 - 2025 News. All Rights Reserved.