Breaking

၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၇၇၈ မှု ဖြစ်ပွားခဲ့ပြီး ၃၈၇ ဦး သေဆုံးခဲ့

၂၀၂၄ ဇန်နဝါရီ ၁
    ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု ၇၇၈ မှု၊ ဒဏ်ရာရသူ ၈၃၇ ဦး၊ သေဆုံးသူ ၃၈၇ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီနှင့် ဆပ်ကော်မတီလေးခုတို့၏ ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
    အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ Yangon Road Safety Council (YRSC) အနေဖြင့် National Road Safety Action Plan (2021 -2030) ၏ ကဏ္ဍအလိုက်လုပ်ငန်းစဉ်များကို YRSC က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ကာလတို ၂၀၂၁-၂၀၂၃ ပြီးဆုံး တော့မည်ဖြစ်၍ လာမည်နှစ်တွင် စတင်မည့် ၂၀၂၄-၂၀၂၆ ကာလလတ် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို YRCS အဖွဲ့ဝင်များအနေဖြင့် ၂၀၂၄ နှစ်သစ်တွင် ပိုမိုကောင်းမွန်သောအစီအမံများ ချမှတ်ရာ၌ မိမိတို့ တိုင်းဒေသကြီး၏ ပကတိအခြေအနေနှင့် ကိုက်ညီဆီလျော် သောလုပ်ငန်းစဉ်များကို အခြေခံပြီး အတွေးသစ်၊ အကြံသစ်များဖြင့် Road Safety ကို ပိုမိုထိရောက် အောင်မြင်စေနိုင်မည့် နည်းလမ်းကောင်းများ ရရှိနိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြရန် ပြောကြားသည်။
    ဆက်လက်၍ အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မင်းဇော်က ယာဉ်တိုက်မှု ဖြစ်ပွားရ သည့် အကြောင်းရင်းများနှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်တိုက်မှု ၇၇၈ မှု၊ ဒဏ် ရာရသူ ၈၃၇ ဦး၊ သေဆုံးသူ ၃၈၇ ဦးရှိမှု၊ စည်းကမ်းပျက် မော်တော်ယာဉ်များနှင့် လိုင် စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးမှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ သည်။
    ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC ) ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီနှင့် ဆပ်ကော်မတီ လေးခုတို့၏ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အပေါ် YRTC မှ ဆောင်ရွက်ပြီးစီးမှုနှင့် ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နေမှု အခြေအနေများ၊ တက္ကသိုလ်ကျောင်း ၁၆ ကျောင်း၊ အခြေခံပညာ ကျောင်း ရှစ်ကျောင်းတို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်နေမှု အခြေအနေများ၊ City Taxi  ယာဉ်များ၏ ဘေးနှစ်ဖက်တွင် နိုင်ငံတကာ Taxi ယာဉ်များနည်းတူ အဝါရောင်လိုင်း စတေကာ တပ်ဆင်ဆောင် ရွက်နေမှု အခြေအနေများကို ပြောကြားခဲ့ သည်။

Total Views ~ 252

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43937

© 2022 - 2025 News. All Rights Reserved.