၂၀၂၄ ၊ ဇန်နဝါရီ ၁
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ကောက်ယူခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်အထိ e-ID Soft-ware ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် အိမ်ထောင်စု ၁၂ သန်းကျော်၊ အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော် စုစုပေါင်း အိမ်ထောင်စု ၁၅ သန်းခန့် ကောက်ယူပြီးစီးခဲ့ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားချက်အရ သိရသည်။
လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင် ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြား ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် မိမိတို့ဌာနမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယင်းလုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနမှ မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူခြင်းလုပ်ငန်း၊ ပန်းခင်းစီမံချက် လုပ်ငန်းများ၊ e-ID စနစ်လုပ်ငန်းနှင့် ပြည် လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။
e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် အိမ်ထောင်စု ၁၂သန်းကျော်၊ အလွတ်ပုံစံများဖြင့် ကောက် ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော် စုစုပေါင်း အိမ်ထောင်စု ၁၅ သန်းခန့် ကောက်ယူ ပြီးစီးခဲ့ပါကြောင်း၊ နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ အချို့ဒေသ အနည်းငယ်သာ ကောက်ယူရန် ကျန်ရှိပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းမှ ရရှိသည့် အိမ်ထောင်စုလူဦးရေ စာရင်းအချက်အလက်များကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ် ကော်မတီအဆင့်ဆင့်မှ စိစစ်အတည်ပြုကြပြီး ဗဟိုကော်မတီသို့ သတ်မှတ်ကာလအတွင်း ပြုစုတင်ပြကြရမည်ဖြစ်ပြီး ဗဟိုကော်မတီမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြ၍ အတည်ပြုစာရင်းများ အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လွှဲပြောင်းပေးပို့ကြရမည်ဖြစ်ရာ သတ် မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် စာရင်းဇယားမှန်ကန်စွာ ပြုစုနိုင်ရန်အရေးကြီး ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ပန်းခင်းစီမံချက်အဆင့် (၁)ဖြင့် လူဦးရေ ၃ ဒသမ ၄ သန်းကျော်၊ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် လူဦးရေ ၁ ဒသမ ၄ သန်းကျော်ကို ထုတ်ပေးဆောင် ရွက်ပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပေးရန် အနည်းငယ်ကျန်ရှိနေ သေးပါကြောင်း၊ ယခုအခါ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာ၌ တွေ့ရှိချက်များအရ ရွှေ့ပြောင်းနေထိုင်သူများတွင် အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားကတ်ပြားများ မရရှိ သေးသူများ ရှိနေသည့်အတွက် ၎င်းင်းတို့အား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်ပြား ထုတ်ပေးနိုင်ရေးနှင့်လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် အတွင်း အသက် (၁၈)နှစ် ပြည့်လာမည့်သူ များကို နိုင်ငံသားကတ်ထုတ်ပေးနိုင်ရေးတို့ အတွက် ပန်းခင်းစီမံချက် အဆင့်(၃)ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကိုးလတာကာလအတွင်း လူဦးရေ ၂ ဒသမ ၁ သန်းကျော်ကို နိုင်ငံ သားကတ်ပြား ထုတ်ပေးရန် လျာထားဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။